ရှင်းလင်းဟောပြောရာတွင် မြန်မာ့ပညာရေးမြှင့်တင်မှု လက်တွဲဆောင်ရေးအဖွဲ့ (Myanmar Education Consortium )၌ မြန်မာနိုင်ငံအတွင်းရှိ မည်သည့် လူမှုအဖွဲ့အစည်းက မဆို ပညာရေး ရန်ပုံငွေအား လျှောက်ထားနိုင်ကြောင်း ထိုသို့ လျှောက်ထားရာတွင်
၁။ အရည်အသွေးပြည့်ဝသည့် အစောပိုင်းကာလ ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ရရှိရန် ကလေးများအား ကူညီဆောင်ရွက်ပေးမည့် မည်သည့်လုပ်ငန်းဖြစ်စေ။
၂။ ကလေးများအတွက် အရည်အသွေး ပြည့်မီသည့် အခြေခံပညာရေး စနစ်များ ပိုမိုရရှိလာနိုင်ရန် ကူညီဆောင်ရွက်ပေးမည့် မည်သည့်လုပ်ငန်းဖြစ်စေ။
၃။ ကျောင်းမနေရသည့် ကလေးများအတွက် အရည်သွေးပြည့်မီသည့် ကျောင်းပြင်ပ ပညာရေး အစီအစဉ်များ ရရှိလာနိုင်ရန် ဆောင်ရွက်ပေးမည့် မည်သည့်လုပ်ငန်းဖြစ်စေ
စသည့် ကလေးသူငယ် ပညာရေးနှင့် ဆက်နွယ်သည့် လုပ်ငန်းများအတွက် ရန်ပုံငွေလျှောက်ထားမည် ဆိုပါက MEC မှ ကြိုဆိုပါကြောင်း ရှင်းလင်းပြောကြားသွားသည်။
MEC အနေဖြင့် မြန်မာနိုင်ငံရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ အကောင်အထည်ဖော်ဆောင်ရွက်နေသော အစောပိုင်းကာလ ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး၊ မူလတန်းပညာရေး နှင့် ကျောင်းပြင်ပ ပညာရေး အစီအစဉ်များ အရည်အသွေးပြည့်ဝပြီး သင်ယူခွင့်ရရှိအောင် ကြံဆောင်နေလျှက်ရှိသည့်အတွက် ရန်ပုံငွေလျှောက်လွှာများကို ၈.၁၂.၂၀၁၃ နောက်ဆုံးထား၍ Email မှ တဆင့် ပေးပို့ရမှာ ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာ နှင့် MEC အကြောင်း အချက်အလက်အပြည့်အစုံ နှင့် သိကောင်းစရာများကို အောက်ပါ ပုံများကို နိပ်၍ Download ရယူနိုင်ပါသည်။
MEC မှ အဆိုပါ စီမံချက်များကို ၂၀၁၄ခုနှစ် မေလ(၁)ရက်နေ့မှာ စတင်မှာဖြစ်သည့်အတွက်
လျှောက်လွှာများကို ၈.၁၂.၂၀၁၃ နောက်ဆုံးထား၍ ပေးပို့ရမှာဖြစ်ပြီး လျှောက်ထားချက်များအပေါ် ရလဒ်များကိုလည်း သတ်မှတ်ကာလအတွင်းမှာ ပြန်လည် အကြောင်းကြားမှာဖြစ်ကြောင်း သိရသည်။
ယင်းအပြင် သဘောတူညီမှု ရရှိသွားပါက အစောပိုင်းကာလ အနေဖြင့် စာချုပ်သက်တမ်းကို (၁၂)လ သတ်မှတ်ထားပြီး လုပ်ငန်းဆောင်ရွက်မှုအပေါ် မူတည်၍ စာချုပ်သက်တမ်း ဆက်လက်တိုး
ပေးသွားမှာဖြစ်ပြီး တစ်နှစ်အတွက် ဘတ်ဂျက်ငွေမှာ အမေရိကန်ဒေါ်လာ ၂၅၀၀၀ မှ ၂၅၀၀၀၀ထိ ရှိကြောင်း သိရသည်။
မြန်မာ့ပညာရေးမြှင့်တင်မှု လက်တွဲဆောင်ရေးအဖွဲ့ မှ နိုဝင်ဘာလ (၁၉)ရက်မှ ယနေ့အထိ ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ မူဆယ်၊ မော်လမြိုင် နှင့် တာချီလိတ်မြို့တို့တွင် ယခုလို ရှင်းလင်းဟောပြောပွဲများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လေ့လာ / ဆက်သွယ်ရန်
မြန်မာ့ပညာရေးမြှင့်တင်မှု လက်တွဲဆောင်ရေးအဖွဲ့
Web: http://www.myanmareducationconsortium.org/mm/
Email: grants-info@http://www.myanmareducationconsortium.org