ဖြစ်စဉ်မှာ ပါကွေ့ရွာ၊ မယ်ဆိုင်ချောင်းဘေး အနီး ကိုင်းတောအတွင်း၌ အဆိုပါပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက် စီးနင်းရှာဖွေရာ အိုက်ကွယ်xxx၊ ကျော်စွာxxx နှင့် အိုက်ကိန်းxxx တို့ သုံးဦးအား တွေ့ရှိရပြီး ၎င်းတို့အား ဆက်လက် ရှာဖွေစစ်ဆေးရာ အိုက်ကွယ်xxx၏ ယာဘက် လက်ထဲမှ ကြွပ်ကြွပ်အိတ် အဟောင်းဖြင့် ထုပ်ထားပြီး အဖုံးပိတ်ပါ အဖြူရောင် ပလပ်စတစ်ဗူးငယ်များဖြင့် ထည့်လျက် တန်ဖိုးငွေကျပ် ၇၅၀၀၀ရှိသည့် ဘိန်းဖြူ (၅)ဂရမ်အား ရှာဖွေတွေ့ရှိရ၍ အဆိုပါ သုံးဦးတို့အား တာချီလိတ်မြို့မရဲစခန်းမှ မူးယစ်(ပ) ၁၅၂/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပါကွေ့ရွာ၊ မယ်ဆိုင်ချောင်းဘေး အနီး ကိုင်းတော အတွင်း၌ ဘိန်းဖြူ အနည်းငယ်အား တရားခံသုံးဦးနှင့်အတူ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၂၁ရက် နံနက် ၁၀နာရီခွဲ အချိန်ခန့်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးသိမ်းဆည်း ရမိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]