တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်၌ စိတ်ကြွဆေးပြား အနည်းအငယ် ဖမ်းဆီးရမိ

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်၌ စိတ်ကြွဆေးပြား အနည်းအငယ် ဖမ်းဆီးရမိ
နိုဝင်ဘာ 21, 2013
By Tachileik News Agency
တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ စမ်းချောင်းမူကြိုအနီး လမ်းမပေါ်တွင် မူးယစ်ဆေးဝါးများအား လက်လီရောင်းချနေကြောင်းကို  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ် ပါဝင်သော ပူးပေါင်းအဖွဲ့မှ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၂၀ရက် ည ၉နာရီအချိန်က စိတ်ကြွဆေးပြား အနည်းငယ် ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မယ်ခေါင်ရပ်ကွက် စမ်းချောင်းမူကြိုအနီး လမ်းမပေါ်၌ အသက် ၅၃နှစ် အရွယ်ရှိ ဦးအေးဝင်းxxx ဆိုသူသည် မူးယစ်ဆေးဝါးများအား လက်လီဖြန့်ဖြူးရောင်းချနေကြောင်းကို သတင်းရရှိရာမှ Wy စာတမ်းပါသည့် လိမ္မော်ရောင် စိတ်ကြွဆေးပြား ၆၈ပြားအား ယခုလို တရားခံနှင့်အတူ ဖမ်းဆီးရမိတာဖြစ်ကြောင်း သိရသည်။ မူးယစ်ဆေးဝါးများနှင့် လက်ဝယ်တွေ့ရှိရသူ ဦးအေးဝင်းxx အား တာချီလိတ်မြို့ရဲစခန်းမှ မူးယစ်(ပ) ၁၅၁/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)အရ အရေးယူဆောင်ရွက် ထားရှိကြောင်း သိရှိရသည်။

အထက်ပါ အမှုမတိုင်ခင် ည ၈နာရီခွဲဝန်းကျင်က  မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သော ပူးပေါင်းအဖွဲ့မှ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက် လနှစ်လုံးတိုက်လမ်းကြား လမ်းသွယ်တွင် မူးယစ်ဆေးဝါးများ လက်လီဖြန့်ဖြူး ရောင်းချနေကြောင်းကို ကြိုတင်သတင်းရရှိထားခြင်းခံရသူ အသက် ၄၁နှစ်ရှိ ဒေါ်အေးအေးxx ဆိုသူအား စစ်ဆေးရှာဖွေရာမှ စိတ်ကြွဆေးပြား ၁၁ ပြား ဖမ်းဆီးသိမ်းဆည်းမိကြောင်း သတင်းရှိရသည်။ မူးယစ်ဆေးဝါးနှင့်အတူ လက်ဝယ်တွေ့ရှိရသူ အသက် ၄၁နှစ်ရှိ ဒေါ်အေးအေးxx အား တာချီလိတ်မြို့မှ ရဲစခန်းမှ မူးယစ်(ပ)၁၅၀/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၂၁အရ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~