ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် (၉၃)နှစ်မြောက်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ (၂၇)ရက် ၊ နံနက် (၉)နာရီအချိန်က မိုင်းဖြတ် အခြေခံပညာ အထက်တန်းကျောင်း၏ ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထံမှ ပေးပို့သော သ၀ဏ်လွှာကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ဖတ်ကြားသည်။
ဆက်လက်၍ (၉၃)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရ ကျောင်းသားကျောင်းသူများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးမောရှည် နှင့် ဦးစိုင်းညွန့်ဝင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် တို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းပေးပို့သူ။ ။ ဝေယံလင်း(မိုင်းဖြတ်)
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]