ဆက်လက်၍ မိုင်းဖြတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစက်ရွှေ က ၂၀၁၄ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် မေးမြန်းမည့်အချက်(၄၁)ချက်နှင့် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းညွန့်ဝင်း က ရှမ်းဘာသာဖြင့် သန်းခေါင်စာရင်းကောက်ယူရေး ဆိုင်ရာများကို လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဌေး က လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေကိုလည်းကောင်း အသီးသီး ရှင်းလင်းဟောပြောခဲ့ပြီး၊ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ ရှင်းလင်းဟောပြောပွဲကို နိုဝင်ဘာလ (၂၇) ရက် ၊ နံနက် (၁၀) နာရီက အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပရာ ခရိုင် သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း က အဖွင့် အမှာစကားပြောကြားသည်။
သတင်းပေးပို့သူ။ ။ ဝေယံလင်း(မိုင်းဖြတ်)
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]