မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေး ( BLO )ရုံးများ၌ တာဝန်ထမ်းဆောင်မည့် အရာရှိများအား ပူးပေါင်းဆောင်ရွက်မှု သင်တန်းပို့ချ

မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေး ( BLO )ရုံးများ၌ တာဝန်ထမ်းဆောင်မည့် အရာရှိများအား ပူးပေါင်းဆောင်ရွက်မှု သင်တန်းပို့ချ
နိုဝင်ဘာ 29, 2013
By Tachileik News Agency
UNODC အစီအစဉ်ဖြင့် မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေး ( BLO )ရုံးများ၌ တာဝန်ထမ်းဆောင်မည့် အရာရှိများ  ပူးပေါင်းဆောင်ရွက်မှုသင်တန်းကို မြန်မာနိုင်ငံမှ M-PAC အတွင်းရေးမှူး ရဲမှူးကြီးအောင်ဌေးမြင့် နှင့် UNODC အဖွဲ့တို့ ဦးဆောင်၍ နိုဝင်ဘာလ(၂၅)ရက်နေ့မှ နိုဝင်ဘာ(၂၉)ရက်နေ့ထိ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နှင့် မြန်မာနိုင်ငံ တာချီလိတ်မြို့တို့တွင် ဖွင့်လှစ်ပို့ချခဲ့ရာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်တို့မှ သင်တန်းသား (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် နယ်မြေအတွင်း စောင့်ကြပ်ကြည့်ရှုခြင်း၊ ရှာဖွေသိမ်းဆည်းခြင်း၊ ပြန်လည် အစီရင်ခံခြင်း၊ သတင်းပေးသူထံမှ ရရှိသည့် မသင်္ကာသူ သတင်းနှင့် ပတ်သက်၍ စောင့်ကြပ် ဖမ်းဆီးရှာဖွေရန် အဖွဲ့ငယ်များ ဖွဲ့စည်းခြင်း၊ တာဝန်ခွဲဝေခြင်းနှင့် စီမံချက်ရေးဆွဲခြင်း သင်ခန်းစာများအား ရှင်းလင်းဆွေးနွေး ပို့ချခြင်းနှင့် လက်တွေ့ ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~