ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ်ခွဲ၊ နမ့်ခင်းကျေးရွာ အနီး၌ မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ် နှင့် တပ်မတော်နယ်မြေခံတပ်မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းသည့်အဖွဲ့တို့သည် ၂၄.၁၀.၂၀၁၃ရက် မွန်းလွှဲ ၁နာရီ ၄၅မိနစ် အချိန်ခန့်က ကျပ်သိန်းပေါင်း ၈၄၄သိန်းခန့် တန်ဖိုးရှိသော မူးယစ်ဆေးဝါးဖြစ်သည့် ကဖင်းများ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။
အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် နယ်မြေ ရှင်းလင်းနေစဉ် အတွင်း နမ့်ခင်းကျေးရွာ တောင်ဘက် တောင်ကုန်းရှိ ခြုံနွယ်များအတွင်း သိုဝှက်ထားသော ဆာလာအိတ် ၄၅အိတ် အတွင်းမှ ကာလတန်ဖိုးငွေ ကျပ် ၈၄၄သိန်းခန့် တန်ဖိုးရှိသည့် ကဖင်း ၁၁၂၅ ကီလိုအား ရှာဖွေတွေ့ရ၍ သိမ်းဆည်းခဲ့ကြပြီး မိုင်းပါလျှိုးရဲစခန်းမှ မယ(ပ)၂/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၆(ခ)/၁၉(က)အရ အမှုဖွင့်ပြီး ပြစ်မှု ကျူးလွန်သူအား ဆက်လက်၍ စုံစမ်းဖော်ထုတ်လျှက်ရှိကြောင်း သိရသည်။
ရှာဖွေတွေ့ရှိရသော ကဖင်းများနှင့် ပတ်သက်၍ အဆိုပါ ပူးပေါင်းအဖွဲ့မှ ကဖင်းများအား တွေ့ရှိရသည့် အနီးပတ်ဝန်းကျင် တစ်ဝိုက်အား နယ်မြေရှင်းလင်းမှုများ ဆက်လက် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~