တာချီလိတ်မြို့နယ်တွင် ဆရာ/ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း ပို့ချ

တာချီလိတ်မြို့နယ်တွင် ဆရာ/ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း ပို့ချ
အောက်တိုဘာ 22, 2013
By Tachileik News Agency

တာချီလိတ်မြို့နယ် ရန်အောင်မြေမူလွန်ကျောင်းတွင်၂၁.၁၀.၂၀၁၃ ရက်နေ့ မှစ၍ ၂၀၁၃ ခုနှစ်
ဆရာဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အပိုင်း(၂) အား စတင်ဖွင့်လှစ်သင်ကြား
လျှက်ရှိရာ ၂၇.၁၀.၁၃ရက်နေ့အထိ သင်တန်းကာလ ၇ ရက် ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား ဆရာဆရာမ(၉၀)ဦး တက်ရောက်သင်ကြားကြောင်း၊ကလေးပျော်ကျောင်းများ ဖြစ်လာရေးအတွက် အဓိကထား သင်ကြားနေခြင်းဖြစ်ကြောင်းနှင့်
သင်ပြနည်းသစ်များ ပါဝင်ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ အမှတ်(၂)အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)
ပြည်နယ်ပညာရေးဌာနမှ ဦးစီးအရာရှိ ဦးတင့်ဆွေ ၊  တာချီလိတ် မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ ဦးဆောင်သော မြို့နယ်အဆင့် ပညာရေးဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ကြီးကြပ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ၀ါရင့်ဆရာကြီး/ဆရာမကြီးများက ပို့ချလျှက်ရှိကြောင်း သိရှိရပါသည်။

သတင်းပေးပို့သူ။      ။ မြတ်မျိုးမြင့်မာန်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: [email protected]
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~