တာချီလိတ်မြို့တွင် ကုန်စည်ပြပွဲများ၊ ညီလာခံများ၊ အစည်းအဝေးများပြုလုပ်သည့်အခါ၌ ဖြစ်စေ၊ စီးပွားရေး လုပ်ငန်းများဖြစ်သည့် စူပါမတ်ကတ်များ၊ စတိုးဆိုင်များ နှင့် ဘဏ်များ၊ ကုမ္ပဏီများတွင် လုံခြုံရေး ၀န်ထမ်းများ ထားလိုသည်ဖြစ်စေ လုပ်ငန်းရှင် တစ်ဦးတစ်ယောက်အတွက် အနီးကပ် လုံခြုံရေး အတွက်ဖြစ်စေ Aspect Management (Myanmar)Co.,Ltd မှ ဘက်စုံသင်ကြားပေးထားသော လုံခြုံရေးဝန်ထမ်းများဖြင့် ကာကွယ်မှုများကို ၀န်ဆောင်မှု ပေးနေပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့၌ ဖွင့်လှစ်ထားသည့် Aspect Management (Myanmar)Co.,Ltd မှ ယခုအခါမှာ တာချီလိတ်မြို့တွင် ရုံးခွဲအဖြစ် လာရောက်ဖွင့်လှစ်ထားပြီး တာချီလိတ်မြို့တွင်း၌ မည်သူမှ မလုပ်သေးသည့် လုံခြုံရေးဝန်ထမ်း ၀န်ဆောင်မှုစနစ်ကို စတင်ပြုလုပ်နေပြီး လုံခြုံရေး ၀န်ထမ်းအလိုရှိပါက ၎င်းတို့ အနေဖြင့် နှစ်ချုပ်စာချုပ် ချုပ်ပေးခြင်း၊ လပေးစာချုပ် ချုပ်ပေးခြင်း အပြင် တစ်နေ့တာ သို့မဟုတ် ရက်အကန့်အသတ်ဖြင့် လုံခြုံမှု တာဝန်ထမ်းဆောင်ပေးမှာဖြစ်ကြောင်း သိရသည်။
"မြန်မာပြည်ထဲမှာ ရှိတဲ့ UN ရုံးတွေမှာ လုံခြုံရေးတာဝန်ကို Aspect ကုမ္ပဏီက တာဝန်ယူထားပါတယ်၊ ရန်ကုန်က သံရုံးအချို့မှာလည်း ကုမ္ပဏီက လုံခြုံရေးဝန်ထမ်းတွေကို ခန့်အပ်ထားပါတယ်၊ တာချီလိတ်မြို့မှာလည်း လုံခြုံရေးဝန်ထမ်း အလိုရှိတာနဲ့ ပတ်သက်လို့ရှိရင် ကျွန်တော်တို့ကို ဆက်သွယ်လို့ရပါတယ်"ဟု တာချီလိတ်ရုံးခွဲ တာဝန်ခံ ဒုရဲမှူး ကျော်ညွန့်(ငြိမ်း) မှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
Aspect ကုမ္ပဏီမှ လုံခြုံရေးဝန်ထမ်းများသည် ရှေးဦးသူနာပြုကျွမ်းကျင်ခြင်း၊ Metal Detector ဖြင့် ရှာဖွေမှုကျွမ်းကျင်ခြင်း၊ ယာဉ်ထိန်းဥပဒေအရ လမ်းကြောပြ ကျွမ်းကျင်ခြင်းနှင့် အကြမ်းဖက်တိုက်ခိုက်သည့် ရန်မှ ကာကွယ်ရန် သင်တန်းတက်ရောက် အောင်မြင်ထားခြင်း စသည့် လုံခြုံရေးနှင့် ပတ်သက်သည်များကို ကျွမ်းကျင်ထားကြသည်ဖြစ်ပြီး Aspect ကုမ္ပဏီသည် စင်္ကာပူနိုင်ငံအစိုးရ၏ "A" Grade အသိအမှတ်ပြုခြင်း ခံထားရသော ကုမ္ပဏီခွဲတစ်ခုဖြစ်ကြောင်း သိရှိရသည်။
လုံခြုံရေးဝန်ထမ်းကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်လိုပါက အောက်ပါ လိပ်စာ နှင့် ဖုန်းနံပါတ်မှတဆင့် ဆက်သွယ်နိုင်ပါသည်။
တာချီလိတ်ရုံးခွဲ
ဒုရဲမှူး ကျော်ညွန့်(ငြိမ်း)
E-6၊ ဇဗ္ဗူကျော်တိုက်ခန်း၊ တာချီလိတ်မြို့
ထိုင်းဖုန်း။ ။ 087 7271027၊ 083 7660362
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~