တာချီလိတ်မြို့ရှိ အမျိုး ဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့မှ ကြီးမှူးကျင်းပလျှက်ရှိသော(၁၇)ကြိမ်မြောက် တရားပွဲ၏ (၃)ရက်မြောက် ဒုတိယ ဆရာတော်မှာ သီတဂူ အရှင်တိက္ခသာရ သာသနာ့ဓဇဓမ္မာစရိယ ( MA.Buddhism )ဆရာတော်ဖြစ်ပါတယ်။
ဆရာတော် သီတဂူ အရှင်တိက္ခသာရသည် နိုဝင်ဘာ(၁၅)ရက်နေ့နှင့် (၁၆)ရက်နေ့ (၂)ညတိုင်တိုင် တာချီလိတ်မြို့မှာ တရားတော်ဟောကြားတော်မှုခဲ့ပြီး နိုဝင်ဘာ(၁၇)ရက်နေ့ ညပိုင်းတွင်လည်း တာလေမြို့နယ်ခွဲတွင် (၁)ည တရားတော်ဟောကြားမှာ ဖြစ်ပါတယ်။
နိုဝင်ဘာ(၁၆)ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်မြို့ရှိ ဘိုးဘွားရိပ်သာ နှင့် ပရဟိတ လူငယ်ဖွံ့ဖြိုးရေး ဂေဟာသို့ ကြွရောက်တော်မှုပြီး လှူဒါန်းစွန့်ကြဲမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။