တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-တာချီလိတ်ကျောင်း) တွင် ကျောင်းသား ကျောင်းသူများအား တိကျစွာ ခွင့်တိုင်ကြားနိုင်စေရန်အတွက် ခွင့်တိုင်ကတ်ပြားများကို ထုတ်ပေးလျှက်ရှိကြောင်း သိရှိရပါသည်။
ထိုကတ်ပြား၏ အရှေ့ဖက်တွင် မိဘများသိရှိရန်အတွက်
- (၁) မိဘ(သို့)အုပ်ထိန်းသူ ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ခွင့်တိုင်မှသာ ခွင့်သတ်မှတ်ပါသည်။
- (၂) ခွင့်စာကို အတန်းပိုင်ဆရာ/မ (သို့မဟုတ်) ကျောင်းအုပ်ကြီးထံ ကျောင်းမတက်မီ ပေးပို့တင်ပြရမည်။
- (၃) ခွင့်မဲ့ပျက်ကွက်ခြင်း၊ ခွင့်လိမ်တိုင်ခြင်းရှိပါက မိဘကို ဖိတ်ကြားဆွေးနွေးသတိပေး၍ အကြိမ်ကြိမ် ထပ်မံပျက်ကွက်ခဲ့လျှင် ကျောင်းမှထုတ်ပယ်မည်။
- (၄) ဤကတ်ပြားနှင့်သာ ခွင့်တိုင်ကြားခြင်းကို လက်ခံမည်။ ( ဤကတ်ပြားပျောက်လျှင် အသစ်ဝယ်ရမည်။ )
ဟု ရေးသားထားပါသည်။
ထိုကတ်ပြားများကို ၂၀၁၂ခုနှစ် သြဂုတ်လအတွင်းမှစတင်၍ ကျောင်းသား ကျောင်းသူများအား ထုတ်ပေးပါသည်။ ထိုကဲ့သို့ ပြုလုပ်ပေးခြင်းမှာ ကျောင်းသား ကျောင်းသူများအနေဖြင့် ခွင့်လိမ်တိုင်ကြားခြင်း မိဘများမသိရှိရပဲ ခွင့်တိုင်ကြားခြင်းများကို မပြုလုပ်နိုင်ရန်အတွက် အကောင်းဆုံးနည်းဖြစ်ပါသည်။
ကတ်ပြား၏ အနောက်ဖက်တွင် ဇယားဖြင့် ဖော်ပြထားချက်အရ ကျောင်းသား ကျောင်းသူများ အနေဖြင့် ကျောင်းမည်မျှ ပျက်ကွက်ခဲ့သည်ကို သိရှိနိုင်မည်ဖြစ်သည်။
www.tachileik.net