၂၄.၃.၂၀၁၂ တွင် တာချီလိတ်မြို့ရှိ ရီဂျီးနားဂေါက်ကွင်း၌ (၆၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ဂေါက်သီးရိုက်ပွဲကျင်းပရာ မနက် (၇)နာရီခန့်တွင် တစ်ကြိမ် (၈)နာရီခန့်တွင် တစ်ကြိမ် ချိန်ကိုက်မိုင်းပေါက်ကွဲရာ ဂေါက်ကွင်းလုံခြုံရေးတာဝန်ခံ ကိုဇော်ရဲမင်း နှင့် ဂေါက်ဖာ ဦးအာဗျာ(သတ္တုလုပ်ငန်း) တို့နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိရာ၌ ကိုဇော်ရဲမင်း၏ ဘယ်ဖက်ပါးမို့တွင် ဒဏ်ရာပြင်းထန်စွာရပြီး ဦးအာဗျာမှာ လည်ပင်းတွင် ရှပ်ထိသွားသည်ဟု သိရသည်။
ဗုံးပေါက်ကွဲရာလမ်းကြောင်းမှာ ဂေါက်ကျင်းအမှတ်(၁၃)နှင့် ဂေါက်ကျင်းအမှတ်(၁၇)လမ်းကြောတွင် ပေါက်ကွဲခဲ့သည်။ ဗုံး၏ အလေးချိန်မှာ ၃ကီလိုခန့်နှင့် အမှုန့်မှာ ၁ကီလိုခန့်ရှိပြီး ၃မူးလုံးဖြတ်တိုစ၏ အရှည်မှာ ၃မတ်ခန့်ရှိပြီး အရေအတွက်မှ ၁၉၀ခန့်ရှိပြီး ၁၄ နပ်ခေါင်းအတိုအစများလည်းပါသည်ဟုသိရသည်။
ဗုံး (၂)လုံးမှာ (၇)နာရီ နှင့် (၈)နာရီအကြားမှာ ပေါက်ကွဲခဲ့ပြီး ကျန်ဗုံးတလုံးအား (၁၀း၁၅)နာရီ ခန့်တွင် သက်ဆိုင်ရာမှ တွေ့ရှိသိမ်းဆည်းရမိသည်ဟုလည်း သိရှိရပါသည်။ တွေ့ရှိရသော ဗုံးမှာ ကျွဲကော်သီးခန့်ရှိသည်ဟုသိရသည်။
ယနေ့၏ ထူးခြားဖြစ်စဉ်မှာ မနက်သို့မဟုတ် သန်းခေါင်ယံ (၂) နာရီမှ (၃)နာရီကြားတွင် တာချီလိတ်မြို့ အ.ထ.က ကျောင်းရှေ့ရှိ ဓါတ်မီးတိုင်အား ကားတစ်စီးမှဝင်တိုက်၍ တစ်နေကုန်မီးပျက်ခဲ့သည့်နေ့လည်းဖြစ်သည့်အပြင် ပို၍ထူးခြားသည်မှာ ယနေ့သည် လွန်ခဲ့သော တစ်နှစ်တိတိက အသက်ပေါင်းများစွာကို နှုတ်ယူသွားသော တာလေငလျင်ကြီးလှုပ်ခတ်ခဲ့သည်မှာ တစ်နှစ်တိတိပြည့်သွားခဲ့သော နေ့ပင်ဖြစ်သည်။