တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ခြင်း နှင့် ရုံးဖွင့်ပွဲ အခမ်းအနား အစီအစဉ်ကို ၂၅.၃.၂၀၁၂ ( တနင်္ဂနွေနေ့)တွင် ရွှေတိဂုံစေတီအောက်ဖက် စိန်ချယ်လက်ဖက်ရည်ဆိုင်အရှေ့၊ ယူရိုလက်ဖက်ရည်ဆိုင်ဟောင်း၏ အနောက်ဖက် တိုက်ခန်းရှိ တည်နေရာတွင် ပြုလုပ်ကျင်းပခဲ့သည်။ ရုံး၏ တည်နေရာမှာလည်း ထိုနေရာ၌ပင်ဖြစ်သည်။
အခမ်းအနားအစီအစဉ်ကို အောက်ပါတိုင်းကျင်းပခဲ့သည်။
- ၁။ နေရာယူခြင်း
- ၂။ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေငြာခြင်း
- ၃။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အား လေးပြုခြင်း
- ၄။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း
- ၅။ ဒီမိုကရေစီတိုက်ပွဲတွင် ကျဆုံးခဲ့ကြရသော ရဟန်းရှင်၊ လူ၊ ကျောင်းသားကျောင်းသူ၊ ပြည်သူလူထုများအား အလေးပြုခြင်းနှင့် ( ၁ ) မိနစ်ငြိမ်သက်မေတ္တာပို့ အမျှဝေခြင်း
- ၆။ တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်ဖွင့်လှစ်ကြောင်း ကြေငြာခြင်း
- ၇။ ရှမ်းအရှေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်မှ အဖွဲ့ချုပ်၏ သ၀ဏ်လွှာအား ဖတ်ကြားခြင်း
- ၈။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) ကိုယ်စားလှယ်မှ အမှာစကားပြောကြားခြင်း
- ၉။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ရှမ်းအရှေ့) ကိုယ်စားလှယ်မှ အမှာစကားပြောကြားခြင်း
- ၁၀။ တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျေးဇူးတင်စကားပြောကြားခြင်း
- ၁၁။ အခမ်းအနားပြီးဆုံးကြောင်း ကြောငြာခြင်း
စသည်တို့ကို ပြုလုပ်ခဲ့ပြီး၊ အခမ်းအနားသို့ ကြွရောက်လာသော အဖွဲ့ဝင်ရဲဘော်များနှင့် ဧည်သည်တော်များအား ကြာဇံကြော်ဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ ထိုအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်မှုဆောင် ကိုယ်စားလှယ် ရှမ်းပြည်နယ်တာဝန်ခံတစ်ဦးဖြစ်သူ ဦးထွန်းထွန်းဟိန် မှ တက်ရောက် ဂုဏ်ပြုဖွင့်လှစ်ပေးခဲ့ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး (တာချီလိတ်)၏ တည်နေရာ
အမှတ်(၈/၅၂)၊ အခန်းအမှတ်(၅) မကာဟိုခမ်းရပ်ကွက်၊
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်မှုဆောင် ကိုယ်စားလှယ် ရှမ်းပြည်နယ်တာဝန်ခံတစ်ဦးဖြစ်သူ ဦးထွန်းထွန်းဟိန်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
ဒေါ်အောင်ဆန်းစုကြည့်ပုံပါ မိုးပျံပူဖောင်းများ နှင့် တာချီလိတ်မှ ရွှေတိဂုံစေတီတော်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
ပုံများကို အပြည့်အစုံကြည့်လိုပါက အောက်တွင်နိပ်ပါ