တာချီလိတ်မြို့ အမျိုး ဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ မှ ကြီးမှူးကျင်းပသည့် (၁၅)ကြိမ်မြောက် တရားပွဲအား ၁၁.၂.၂၀၁၂ မှ စ၍ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပခဲ့ရာ ၁.၃.၂၀၁၂ တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။
(၂၀)ညတိုင်တိုင် ရက်ရှည်တရားပွဲတွင် -
- ဆရာတော် ဥူးတိက္ခညန ( 11/12.2.2012 )
- ဆရာတော် ဥူးသဒ္ဓမ္မ (ဘိုကလေးဆရာတော်) ( 13/14.2.2012 )
- ဆရာတော် ဥူးရေ၀တ ( ကြာနီကန်ဆရာတော် ) ( 15/16.2.2012 )
- ဆရာတော် ဥူးဘဒ္ဒန္တစန္ဒသူရိယ ( အောင်စင်္ကြာံဆရာတော်) ( 17/18.2.2012 )
- ဆရာတော် အရှင်ပညိသာရ (ဓမ္မဒူတ) ( 19.2.2012 )
- ဆရာတော် အရှင်ဥာဏိတရ ( သီတဂူဆရာတော် ) ( 20/21.2.2012 )
- ဆရာတော် ဥူး နန္ဒောဘာသဘိဝံသ ( ကျိုက်ထိုဆရာတော် ) ( 22.2.2012 )
- ဆရာတော် အရှင်ရာဇိန္ဒ ( အောင်မေတ္တာ ဆရာတော် ) ( 23/24.2.2012 )
- ဆရာတော် ဥူးဘဒ္ဒန္တတေဇောသာရ ( ပဲခူးဆရာတော် ) ( 25/26.2.2012 )
- ဆရာတော် ဥူးဘဒ္ဒန္တပညာနန္ဒ ( သီတဂူကြယ်တစ်ပွင့် ဆရာတော် ) ( 27/28.2.2012 )
- ဆရာတော် ရွှေပြည်အရှင်အာလောက ( မလွန်ဆန်လှူအသင်း၏ ) ( 29.2.2012/1.3.2012 )
ဆရာတော်(၁၁)ပါးတို့က နိဗ္ဗာန်ရောက်ကြောင်းတရားတော်မြတ်များကို ဟောကြားတော်မှုခဲ့ကြသည်။
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦
(၁၅)ကြိမ်မြောက်၏ နောက်ဆုံး (၂)ညတာ တရားပွဲ အစီအစဉ်တွင် မလွန်ဆန်လှူအသင်းကြီး၏ နယ်လှည့်ဓမ္မကထိက ဖြစ်သော ဆရာတော် ရွှေပြည်အရှင်အာလောက (ဓမ္မာစရိယ) မှ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ဟောကြားတော်မှုခဲ့သည်ကို မှတ်တမ်းတင်အပ်ပါသည်။
တရားပွဲဖြစ်မြောက်ရေးနှင့် အလင်းရောင်ပရဟိတလူငယ်များ အပြင် တရားနာလာသော
ပရိသတ်များမှာလည်း ဖျာများကို ကူသိမ်းပေးနေပုံ.................
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
ပရိသတ်များမှာလည်း ဖျာများကို ကူသိမ်းပေးနေပုံ...........

"တရားတစ်ပွဲ၏ တန်ဖိုးသည်"
စင်္ကြံဝဠာ တစ်ခုလုံးကို သံမံတလင်းခင်းလိုက်ပါ ဘုရားနှင့်ရဟန္တာများ အကြားမလပ်ထိုင်ခိုင်းပါ။ ပြီးလျှင် ဘ၀ဂ်အထိအမြှင့်ပြီးထပ်လိုက်ပါ။ ပြည့်သွားလျှင် ကြာသင်္ကန်းတစ်စုံစီလှူလိုက်ပါ။ အဲ့ဒီအလှူမျိုး (၂၅၆)ကြိမ်လှူမှသာ တရားတစ်ပွဲဟောပြောခြင်း ဖြစ်မြောက်ခြင်းနှင့် ညီမျှကြောင်း ဆရာတော်ကြီးများမှ ကျမ်းနှင့်အညီဟောပြောထားပါသည်။
{ပဋိစ္စသမုပ္ပါဒ်သင်တန်း အမှတ်စဉ် - ၅/၆/၇}
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ပုံများကို အပြည့်အစုံကြည့်ရန်
- တာချီလိတ်မြို့ရဲ့ (၁၅)ကြိမ်မြောက် တရားပွဲ အောင်မြင်စွာပြီးဆုံး
- (၁၅)ကြိမ်မြောက် နောက်ဆုံးညတရားပွဲအတွက် တာလော့အဖွဲ့မှ ကြာဇံကြော်
- ဆရာတော် အရှင်ပညိဿရ(ဓမ္မဒူတ)၏ တစ်နေ့တာတရားပွဲ
- သီတဂူကြယ်တစ်ပွင့် ဆရာတော် တာချီလိတ်မြို့သို့ ကြွရောက် တရားဟော
- ဘိုကလေး ဆရာတော် ဥူးသဒ္ဓမ္မ တာချီလိတ်မြို့သို့ ကြွရောက်
- ဆရာတော် ဥူးတိက္ခဥာဏ ၏ တာချီလိတ်မြို့ တရားသဘင်
- ဘိုကလေးဆရာတော် ဥူးသဒ္ဓမ္မ၏ တရားပွဲ အောင်မြင်စွာပြီးဆုံး
- ကြာနီကန်ဆရာတော် ဦးရေ၀တ တာချီလိတ်တရားပွဲ (15-16.2.2012)
- ကြာနီကန်ဆရာတော် ဦးရေ၀တ၏ တာလေမြို့တရားပွဲ ( 16.2.2012 )
- အောင်စင်္ကြာဆရာတော် ဥူးဘဒ္ဒန္တစန္ဒသူရိယ၏ တရားပွဲ
- သီတဂူဆရာတော် တရားပွဲမှ အလင်းရောင် ပရဟိတ လူငယ်များ
- အစိုးရဓမ္မာစရိယနိုင်ငံတော်ဘွဲ(၁၁)ဘွဲ့ရ ကျိုက်ထိုဆရာတော်၏ တရားပွဲ
- သီတဂူဆရာတော်ဘုရားကြီး၏ တာချီလိတ်အထူးတရားပွဲ
- ပဲခူးဆရာတော် ဘဒ္ဒန္တတေဇောသာရ ၏ တာချီလိတ် တရားပွဲ