
သက်ဆိုင်ရာ သို့ စုံစမ်းကြည့် တဲ့အခါ ယာယီ နိုင်ငံကူးလက်မှတ် လုပ်မည်ဆိုပါက ထိုင်းအလုပ်သမား ကတ် ရှိဖို့လိုကြောင်း၊ ထိုင်းအလုပ် သမားကတ်ရှိတဲ့သူအနေနဲ့ သက်ဆိုင် ရာခရိုင်မှာရှိတဲ့ အလုပ်သမားညွှန် ကြားရေးရုံးကို ဆက်သွယ်ရမှာဖြစ် ကြောင်း၊ ထိုင်းအလုပ်သမားဝန်ကြီး မှတစ်ဆင့် ပြည်ထဲရေးဝန်ကြီးဆီ ဆက်လက်ပေးပို့ကြောင်း၊ ပြည်ထဲ ရေးဝန်ကြီးကနေ ထိုင်းအစိုးရမှတစ် ဆင့် မြန်မာနိုင်ငံ အစိုးရကို ဆက်သွယ် ပြီး မြ၀တီ၊ ကော့သောင်း၊ တာချီ လိတ်မြို့တွေမှာရှိတဲ့ ယာယီမြန်မာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး တွေကို ခွဲတမ်းချပြီး ဆောင်ရွက်ပေး တယ်လို့ သိရပါတယ်။ ဒီနေ့အထိ တာချီလိတ်ရုံးမှာ ၁,၀၉၀ ထုတ်ပေး ပြီးဖြစ်တယ်လို့ သိရပါတယ်။ စာအုပ် သက်တမ်းကတော့ သုံးနှစ်ရှိပြီး ဗီဇာ သက်တမ်း ကတော့ နှစ်နှစ်ပေးထား တယ်လို့ ဆိုပါတယ်။ နှစ်နှစ်ပြည့်ရင် တော့ ဗီဇာဆက်လျှောက်ရမယ်လို့ သိရပါတယ်။ တစ်ချို့မြန်မာအလုပ် သမားများအနေနဲ့ ယာယီနိုင်ငံကူး လက်မှတ်လုပ်ရင် မြန်မာနိုင်ငံမှာ ကျန်ရှိတဲ့ မိဘတွေဆီမှာ အခွန်တွေ ကောက်ခံတယ်ကြားလို့ စိုးရိမ်ကြ တာလည်း ရှိပါတယ်။ အမှန်တော့ မြန်မာနိုင်ငံမှာ အခွန်ကောက်ခံတာ မရှိသလို ယာယီ နိုင်ငံကူးလက်မှတ် လုပ်တဲ့နေရာမှာလည်း ငွေကျပ် ၃,၀၀၀ ကလွဲလို့ တခြားကောက်ခံ ခြင်း မရှိမှာကို သိရပါတယ်။ ထိုင်း မှာတော့ ကောလာဟလသတင်း များ ပျံ့နှံ့ နေခြင်းသာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။
မှတ်ချက်။ ။ မောင်ဆွေငြိမ်း ရေးသားထားသော Postအား themyanmarpost မှကူးယူ၍ ဖော်ပြထားပါသည်