မိတ်ဆက်ခြင်း

မိတ်ဆက်ခြင်း
နိုဝင်ဘာ 30, 2009
By တာချီလိတ်
တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ သည် မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တည်ရှိပြီး မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံ နယ်နိမိတ်ချင်းထိစပ်နေသော နယ်စပ်မြို့လေးတစ်မြို့ဖြစ်ပါသည်။ ထိုသို့ သုံးနိုင်ငံထိစပ်နေသော ဒေသကို ရွှေတြိဂံဒေသဟုလည်း ခေါ်ဝေါ်ကြပါသည်။ တာချီလိတ်မြို့၏ အကျယ်အ၀န်းမှာ ၃.၉၄ စတုရန်းမိုင် ရှိပြီး တောင်မှမြောက်သို့ ၁မိုင်၆ဖာလုံ၊ အရှေ့မှ အနောက်သို့ ၂မိုင်၂ဖာလုံ ရှိပါသည်။ ခရိုင်အကျယ်အ၀န်းမှာ ၁၃၈၅.၀၉ စတုန်းရန်းမိုင် ရှိပြီး တောင်မှ မြောက်သို့ ၂၄မိုင်၊ အရှေ့မှအနောက်သို့ ၅၇.၇မိုင် ရှိပါသည်။ တာချီလိတ်မြို့သည် ပင်လယ်ရေမျက်နှာပြင် အထက်(၁၂၈၅)ပေရှိပြီး တောင်ခြေလွင်ပြင် အနေအထားမှာ ရှိသော နယ်စပ်မြို့လေးတစ်မြို့ဖြစ်ပါသည်။

{အကြီးချဲ့ကြည့်လိုက နိပ်ပါ}


တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ကို မြို့နယ်ခွဲ(၂)ခု၊ ရပ်ကွက်ကြီး (၆)ရပ်ကွက် ကျေးရွာအုပ်စုပေါင်း (၁၃)ခု ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။

မြို့နယ်ခွဲများ

  • တာလေမြို့နယ်ခွဲ (၄ရပ်ကွက်)
  • ကျိုင်းလပ်မြို့နယ်ခွဲ (၃ရပ်ကွက်)

ရပ်ကွက်ကြီးများ

  • (၁) ပုန်းထွန်ရပ်ကွက်
  • (၂) တာလော့ရပ်ကွက်
  • (၃) ၀မ်ကောင်းရပ်ကွက်
  • (၄) မကာဟိုခမ်းရပ်ကွက်
  • (၅) ဆန်ဆိုင်းရပ်ကွက်
  • (၆) မယ်ခေါင်ရပ်ကွက်

ကျေးရွာအုပ်စုများ

  • (၁) လွယ်တော်ခမ်း ကျေးရွာအုပ်စု
  • (၂) ဟောင်လိတ် ကျေးရွာအုပ်စု
  • (၃) ဖန်မင် ကျေးရွာအုပ်စု
  • (၄) မိုင်းကိုး ကျေးရွာအုပ်စု
  • (၅) မိုင်းဟဲ ကျေးရွာအုပ်စု
  • (၆) မိုင်းဖုန်း(က) ကျေးရွာအုပ်စု
  • (၇) မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု
  • (၈) နားယောင်း ကျေးရွာအုပ်စု
  • (၉) မိုင်းလင်း(ရှေ့) ကျေးရွာအုပ်စု
  • (၁၀) မိုင်းလင်း(နောက်) ကျေးရွာအုပ်စု
  • (၁၁) နမ့်ခမ်း ကျေးရွာအုပ်စု
  • (၁၂) မိုင်းပါလျိုး ကျေးရွာအုပ်စု
  • (၁၃) ကျခမ်းကျောက် ကျေးရွာအုပ်စု စသည်တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။

နယ်စပ်ဒေသမြို့လည်းဖြစ် တိုင်းရင်းသားပေါင်းစုံတို့ စုစည်းနေထိုင်ကြသော မြို့လေးလည်း ဖြစ်သောကြောင့် တာချီလိတ်မြို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၏ ၄-၈-၁၉၇၂ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၁၀၀၀)ဖြင့် တာချီလိတ်မြို့ကို “မြို့”ဟု သတ်မှတ်ကြော်ငြာခဲ့ပါသည်။

ကိုးကား။ ။
ရွှေတြိဂံ မဂ္ဂဇင်း 2007
2009