မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာ၏ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲအတွက် UAB ဘဏ် ကူညီပံ့ပိုး

မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာ၏ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲအတွက် UAB ဘဏ် ကူညီပံ့ပိုး
နိုဝင်ဘာ 16, 2019
By 🌸


မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာ၏ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲအတွက် UAB ဘဏ် ကူညီပံ့ပိုး

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာ၏ အိုလံပစ်ခရီးစဉ်အတွက် UAB Bank က Exclusive Main Sponsor အဖြစ် ကူညီပံ့ပိုးပေးသွားမည်ဖြစ်သည်။

" အားကစားသမား တစ်ယောက်အနေနဲ့ အိုလံပစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရတာဟာ နိုင်ငံ့ဂုဏ်တစ်ခုဖြစ်သလို ညီမအတွက် ကြီးမားတဲ့ စိတ်ဓာတ်ရေးရာ အားမြင့်မှုကိုလည်း ရစေပါတယ်။ uab bank ကနေ အခုလို ကူညီပံ့ပိုးပေးတဲ့အတွက်ကြောင့် အိုလံပစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ချင်တဲ့ ညီမရဲ့ဆန္ဒကို အကောင်အထည် ပေါ်လာစေပါတယ်။ ဒီအတွက် ညီမ အရမ်းဝမ်းသာတယ်။ အားကစားမယ် တစ်ယောက်အနေနဲ့လည်း ကမ္ဘာတစ်ဝှမ်းမှာ မြန်မာ့ဂုဏ်ဆောင်အဖြစ် ကိုယ်စားပြု ယှဉ်ပြိုင်ဖို့ဆိုရင် အမြဲတမ်း ဂုဏ်ယူပါတယ်"ဟု သက်ထားသူဇာက ပြောသည်။

သက်ထားသူဇာသည် အသက် (၇) နှစ်အရွယ်မှ စတင်၍ ကြက်တောင် အားကစားစတင်သင်ကြား လေ့ကျင့်ခဲ့ကာ အားကစား သက်တမ်းတစ်လျှောက်တွင် ထိုင်းနိုင်ငံ၏ဘုရင်မင်းမြတ်မှ ချီးမြှင့်သော ဂုဏ်ထူးဆောင်ဆု (၆)ဆု၊ အီဂျစ်နိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာ စီးရီးကြက်တောင်ပြိုင်ပွဲ (Egypt International Series 2018) အမျိုးသမီးတဦးချင်း ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ရွှေတံဆိပ်ဆု၊ နီပေါအပြည်ပြည်ဆိုင်ရာစီးရီး (2018) တွင် ဒုတိယဆု၊ Iran International challenge (2018)တွင်လည်း တတိယဆု များကို အသီးသီးရရှိထားသူဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - That Htar Thu Zar FB Page

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net