ကယန်းသက္ကရာဇ် (၂၇၅၉)ခုနှစ်၏ ကယန်းနှစ်သစ်ကူးနေ့အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ဝါရီကောခူ ကျေးရွာ၌ ကျင်းပသည်။
ကယန်းတိုင်းရင်းသားများကြား ပိုမိုစည်းလုံး ညီညွှတ်မှုရှိစေရန် ၊ ငြိမ်းချမ်းသာယာသော လူမှုအသိုင်းအဝန်းတွင် နေထိုင်နိုင်ရန် အခြားညီနောင်တိုင်းရင်းသားများနှင့် အတူကြိုးပမ်းသွားကြရန်ကို ပွဲတော်သဘာပတိ ခွန်းရှမူအေးလာက တိုက်တွန်းသွားသည်။
ကယန်းစာပေနှင့်ယဉ်ကျေးမှုကော်မတီက ဦးဆောင်ကျင်းပသည့် ကယန်းနှစ်သစ်ကူးပွဲတော်အား လွိုင်ကော်မြို့နယ်တွင် ကျင်းပနေခြင်းဖြစ်ပြီး ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေများရှိ ကယန်းလူမျိူးများနေထိုင်ရာ ဒေသများတွင်လည်း ကျင်းပနေကြခြင်းဖြစ်သည်။
ဝိရီကောခူကျေးရွာ၌ ကျင်းပသည့် ကယန်းနှစ်သစ်ကူးပွဲတော်သို့ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး၊ အခြားတိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့များနှင့် ဒေသခံများ တက်ရောက်ခဲ့ကြသည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း