မြန်မာ - ထိုင်းနယ်စပ်ဒေသဖြစ်သည့် ကရင်ပြည်နယ် မြဝတီမြို့ရှိ နယ်စပ်ဂိတ်တွင် တစ်ဖက် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများ နှင့် နိုင်ငံခြားသားများအား ဝူဟန်အဆုတ်ရောင် ရောဂါ တားဆီးကာကွယ်ရေးအတွက် တိုင်းတာစစ်ဆေးမှုများကို လုပ်ဆောင်နေလျက်ရှိသည်ကို ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့တွင် တွေ့ရသည်။
တစ်ဖက် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများအား ကိရိယာဖြင့် တိုင်းတာစစ်ဆေးမှုများ ပြုလုပ်ပြီး mark များကို ပေးဝေးရာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့၏ တပ်ဖွဲ့စု(မြဝတီ)မှ တပ်ဖွဲ့ဝင်များမှလည်း ကျန်းမာရေးဌာန နှင့်အတူ ပါဝင်ဆောင်ရွက်နေသည်ကို တွေ့ရသည်။
ဝူဟန်အဆုတ်ရောင်ရောဂါ တားဆီးကာကွယ်ရေးအတွက် တရုတ်နိုင်ငံသားများ အများဆုံးဝင်ရောက်သည့် လေဆိပ်များ အပါအဝင် မြန်မာနိုင်ငံ၏ တရုတ် နှင့် ထိုင်းနယ်စပ်မြို့များဖြစ်သည့် တာချီလိတ် အပါအဝင် မြဝတီ၊ မူဆယ်တို့တွင် စစ်ဆေးမှုများ ဆောင်ရွက်နေလျက်ရှိပြီး ဇန်နဝါရီလ(၂၄)ရက်နေ့ နေ့လည်ပိုင်းက ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားခရီးသွား (၄၀)ဦးထဲက အမျိုးသမီးတစ်ဦးအား ကိုယ်အပူချိန်မြှင့်တက်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - OO Kyaw