နိုင်ငံပေါင်း (၁၄)နိုင်ငံအထိ ပျံ့နှံ့နေသည့် ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်သူမှာ (၂၈၁၆)ဦးရှိနေပြီး သေဆုံးသူ (၈၁)ဦးရှိ
တရုတ်နိုင်ငံတွင် ကော်ရိုနာဗိုင်းရပ်စ် (ဝူဟန်အဆုတ်ရောင်ရောဂါ)ကြောင့် သေဆုံးသူဦးရေမှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့တွင် (၈၁)ဦးနှင့် ရောဂါကူးစက်ခံရသူ (၂၈၁၆)ဦးရှိနေပြီး တရုတ်အပါအဝင် နိုင်ငံပေါင်း (၁၄)နိုင်ငံတွင် ကူးစက်ခံရသူစုစုပေါင်း (၂၈၁၆)ဦးရှိနေပြီဖြစ်သည်။
တရုတ်နိုင်ငံတွင် ရောဂါကူးစက်ခံရသူနှင့် သေဆုံးသူအရေအတွက် မြင့်တက်နေသော်လည်း အခြားနိုင်ငံများတွင် ကူးစက်ခံရသူအနည်းငယ်မှာ သေဆုံးခြင်း မရှိကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် ဝူဟန်မြို့မှ စတင်သည့် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုများကို ထိန်းချုပ်နိုင်ခြင်း မရှိသေး၍ မြို့များကို အဝင်အထွက်ဖြတ်တောက် ကန့်သတ်ခြင်းများလည်း လုပ်ဆောင်နေရာ စီးပွားရေးလုပ်ငန်းအများအပြားမှာလည်း ရပ်ဆိုင်းသွားရသည်။
ရောဂါထိန်းချုပ်ရန် ကြိုးစားနေဆဲ ဝူဟန်မြို့သို့ တရုတ်အစိုးရထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် လီကွေချန်းကိုယ်တိုင် သွားရောက်ကြီးကြပ်နေပြီး WHO မှ တာဝန်ရှိသူကလည်း ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်သည့် အချက်အလက်များ ရရှိရန် ဝူဟန်သို့ သွားရောက်နေပြီဖြစ်သည်။
CNA ကရရှိထားသည့် စာရင်းအရ ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့ ဒေသစံတော်ချိန် နေ့လယ်(၂)နာရီ (၅၁)မိနစ်အချိန်အထိ ရောဂါကူးစက်ခံရသူအရေအတွက်မှာ တရုတ်နိုင်ငံအတွင်း (၂၇၆၁)ဦး၊ ဟောင်ကောင် တွင် (၈)ဦး၊ ထိုင်းနိုင်ငံတွင် (၈)ဦး၊ သြစတေးလျနိုင်ငံတွင် (၅)ဦး၊ မကာအိုတွင် (၅)ဦး၊ အမေရိကန်ပြည်ထောင်စုတွင် (၅)ဦး၊ ဂျပန်နိုင်ငံတွင်(၄)ဦး၊ မလေးရှားနိုင်ငံတွင်(၄)ဦး၊ စင်္ကာပူနိုင်ငံတွင်(၄)ဦး၊ ပြင်သစ်နိုင်ငံတွင်(၃)ဦး၊ တောင်ကိုရီးယားနိုင်ငံ(၃)၊ ထိုင်ဝမ်တွင်(၃)ဦး၊ ဗီယက်နမ်နိုင်ငံတွင်(၂)ဦး နှင့် နီပေါနိုင်ငံ(၁)ဦး စုစုပေါင်း (၂၈၁၆)ဦး ရှိပြီး သေဆုံးသူ(၈၁)ဦးသည် တရုတ်နိုင်ငံအတွင်းမှ ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
Ref; CNA
ဆက်စပ်သတင်း
- ဝူဟန်အဆုတ်နာရောဂါ ကုသရေးအတွက် ဆေးတပ်ဆရာဝန် (၂၀၀)ကျော်ကို တရုတ်သမ္မတ စေလွှတ်
- တရုတ်နိုင်ငံ ဝူဟန်တွင် ကော်ရိုနာဗိုင်းရပ်စ်လူနာများအား သီးခြားကုသနိုင်မည့် ကုတင် ၁၀၀၀ ဆံ့ဆေးရုံကို တစ်ပတ်အတွင်း အပြီးတည်ဆောက်မည်
- တာချီလိတ်သို့ မယ်ဆိုင်ဘက်မှ ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၄၀)ဦးအဖွဲ့တွင် ကိုယ်အပူချိန်မြင့်နေသူတစ်ဦးကို စစ်ဆေးတွေ့ရှိ
- ပြင်းထန်အဆုတ်ရောင်ရောဂါ ပျံ့နှံ့မှုနှင့် သေဆုံးမှုမြင့်တက်လာ၍ တရုတ်နိုင်ငံ ဝူဟန်မြို့ကို အဝင်အထွက်များ ပိတ်ပင်ထား
- တရုတ်နိုင်ငံတွင် ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူ များလာပြီး သေဆုံးသူများလည်း ရှိလာ
- တရုတ်နိုင်ငံတွင် ဝူဟန်အဆုတ်ရောင်ရောဂါဖြင့် ဆရာဝန်တစ်ဦးသေဆုံးပြီး သေဆုံးသူ ၄၁ ဦးအထိ တိုးလာ
- ယူနန် နှင့် ဟူနန်တွင် ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူများ တွေ့ရှိ
- တရုတ်နိုင်ငံ ရှန်ဇောင်းတွင် ရောဂါလက္ခဏာမပြဘဲ ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံထားရသည့် (၁၀)နှစ်အရွယ် ကလေးတစ်ဦးကို စစ်ဆေးတွေ့ရှိ
- တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များ လိုက်နာရန်နှင့် လိုအပ်ပါက မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ရုံးများထံ အကူအညီတောင်းရန် ထုတ်ပြန်
- ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူ ဇန်နဝါရီလ(၂၆)ရက်နေ့အထိ (၂၀၂၂)ဦး နှင့် သေဆုံးသူ (၅၆)ဦး ရှိလာ
- ဟောင်ကောင်တွင် ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရသည့် (၆)ယောက်မြောက်တွေ့ရှိ၍ ကူးစက်ခံရသူ စုစုပေါင်း (၂၀၂၃)ဦး ရှိလာ
- မြဝတီမြို့ရှိ မြန်မာ - ထိုင်းနယ်စပ်ဂိတ်တွင် ထိုင်းဘက်က ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများအား ဝူဟန်အဆုတ်ရောင်ရောဂါ ကာကွယ်ရေး တိုင်းတာစစ်ဆေး
- ဟောင်ကောင်တွင် ဝူဟန်အဆုတ်ရောင်ရောဂါ (၆)ဦးမြောက်တွေ့ရပြီးနောက် ပြည်မကြီးဘက်မှ အဝင်အထွက်ပိတ်ရန် တောင်းဆိုမှုများလာ
- ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူ (၂၈၀၀)ဦး ရှိလာပြီး သေဆုံးသူ (၈၀)ဦးအထိ ရှိလာ