ပြည်ထောင်စုအစိုးရအဖွဲ့တွင် ဒုတိယဝန်ကြီး (၂၅)ဦးမြောက်အဖြစ် ဝန်ကြီးဌာန နှစ်ခုအတွက် ဒုတိယဝန်ကြီးများ ခန့်အပ်

ပြည်ထောင်စုအစိုးရအဖွဲ့တွင် ဒုတိယဝန်ကြီး (၂၅)ဦးမြောက်အဖြစ် ဝန်ကြီးဌာန နှစ်ခုအတွက် ဒုတိယဝန်ကြီးများ ခန့်အပ်
ဖေဖော်ဝါရီ 4, 2020
By Tachileik News Agency

ပြည်ထောင်စုအစိုးရအဖွဲ့တွင် ဒုတိယဝန်ကြီး (၂၅)ဦးမြောက်အဖြစ် ဝန်ကြီးဌာန နှစ်ခုအတွက် ဒုတိယဝန်ကြီးများ ခန့်အပ်

ပြည်ထောင်စုအစိုးရအဖွဲ့တွင် ဒုတိယဝန်ကြီး (၂၅)ဦးမြောက်အဖြစ် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန  (၂)ခုအတွက် ဒုတိယဝန်ကြီး (၂)ဦးအား ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့ ရက်စွဲဖြင့်‌ ထုတ်ပြန်ထားရှိသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနအတွက် ဒုတိယဝန်ကြီးအဖြစ် အာဆီယံအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးမင်းလွင် နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီးအဖြစ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (အငြိမ်းစား) ဦးမြင့်ကြိုင်အား ခန့်အပ်တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။

လက်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်းကြီးဌာန နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန စသည့် ဝန်ကြီးဌာနပေါင်း (၂၄)ဌာနရှိသည်။

ပြည်ထောင်စုဝန်ကြီးဌာန (၂၄)ခုတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် (၂၃)ဦးရှိပြီး ဒုတိယဝန်ကြီးမှာ (၂၅)ဦးရှိလာမည်ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဌာန(၂၄)ခုထဲတွင် ဒုတိယဝန်ကြီး အများဆုံးအဖြစ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတွင် (၃)ဦးခန့်ထားပြီး ဒုတိယဝန်ကြီးများ မရှိသေးသည့် ဝန်ကြီးဌာနများမှာ နိုင်ငံခြား
ရေးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန တို့ဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~