မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်သံသယ လူနာ (၁၀)ဦး အနက် ဓါတ်ခွဲခန်းအဖြေရလာသည့် (၄)ဦးတွင် ဗိုင်းရပ်စ်မတွေ့ရ

မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်သံသယ လူနာ (၁၀)ဦး အနက် ဓါတ်ခွဲခန်းအဖြေရလာသည့် (၄)ဦးတွင် ဗိုင်းရပ်စ်မတွေ့ရ
ဖေဖော်ဝါရီ 5, 2020
By Tachileik News Agency
မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်သံသယ လူနာ (၁၀)ဦး အနက်  ဓါတ်ခွဲခန်းအဖြေရလာသည့် (၄)ဦးတွင် ဗိုင်းရပ်စ်မတွေ့ရ

မြန်မာနိုင်ငံအတွင်းမှ စောင့်ကြည့်နေရသည့် ကိုရိုနာဗိုင်းရပ်စ်သံသယ လူနာ (၁၀)ဦး၏ ဓာတ်ခွဲနမူနာများရယူခဲ့ပြီး ဓါတ်ခွဲပို့ စစ်ထားသည့်အနက် အဖြေရရှိသည့် (၄)ဦးမှာ ဗိုင်းရပ်စ်ပိုး မတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅)ရက်နေ့ ည (၁၀)နာရီအချိန်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန် ထားရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ(၁၀)ဦးအနက်  ကျိုင်းတုံပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ကြည့်ရှုကုသမှုခံယူလျက်ရှိသော တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်မှ ပြန်လာသည့် အသက် (၁) နှစ်၊ (၂) လ အရွယ် ကလေးငယ်တစ်ဦး နှင့် ဝေဘာဂီအထူးကုဆေးရုံတွင် စောင့်ကြည့်ကုသမှုခံယူနေသည့် တိုင်ပေမှ ပြန်လာသည့် အသက်(၁၅)နှစ်အရွယ် ယောကျ်ားလေးတစ်ဦးတို့မှ ကိုရိုနာရောဂါပိုးမတွေ့ရကြောင်း သိရသည်။

ယင်းအပြင် ကယားပြည်နယ် လွိုင်ကော်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် ကူမင်းမှပြန်လာသည့် အသက် (၂)နှစ် (၂)လအရွယ် ကလေးငယ်တစ်ဦးနှင့် နေပြည်တော် ကုတင်(၁,၀၀၀)ဆံ့ ဆေးရုံကြီးတွင် စောင့်ကြည့်ကုသမှု ခံယူနေသော ကွမ်ကျိုးမှလာသည့် တရုတ်နိုင်ငံသား အသက်(၂၉)နှစ်အရွယ် အမျိုးသားတို့၏ ဓါတ်ခွဲအဖြေများကို ဖေဖေါ်ဝါရီလ (၅)ရက်နေ့ ညပိုင်း၌ ရရှိခဲ့ရ ကိုရိုနာရောဂါပိုးမတွေ့ရှိရကြောင်း သိရသည်။

ပထမဆုံး သံသယ လူနာဖြစ်သည့် ဝေဘာဂီအထူးကုဆေးရုံတွင် စောင့်ကြည့်ကုသခဲ့သော ကွမ်ကျိုးမှလာသည့် အသက် (၅၆)နှစ်အရွယ် တရုတ်နိုင်ငံသား၏ ဓါတ်ခွဲအဖြေတွင် ကိုရိုနာဗိုင်းရပ်စ်မတွေ့ရ၍ ဇန်နဝါရီလ (၃၁)ရက်နေ့က ဆေးရုံမှ ဆင်းပေးလိုက်ပြီဖြစ်ရာ သံသယလူနာ (၅)ဦးတွင် ကိုရိုနာဗိုင်းရပ်စ်မတွေ့ရကြောင်း ဓါတ်ခွဲအဖြေများ ရရှိထားခြင်းဖြစ်သည်။

ဝူဟန်အဆုတ်ရောင်ရောဂါဟု ခေါ်သည့် ကိုရိုနာဗိုင်းရပ်စ်၏ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့ ည(၁၁)နာရီခွဲအချိန်အထိ အခြေအနေမှာ နိုင်ငံပေါင်း (၂၆)နိုင်ငံအထိ ကူးစက်ခံရသူ စုစုပေါင်း (၂၄,၆၃၀)ဦးရှိလာပြီး သက်သာပျောက်ကင်းကာ ဆင်းရုံဆင်းသွားကြသူများမှာ (၁,၀၂၉)ဦး ရှိသော်လည်း သေဆုံးသူ အရေအတွက်မှာ (၄၉၄)ဦးအထိ ရှိလာသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~