မြန်မာနိုင်ငံတွင် ဓါတ်ခွဲခန်းအဖြေစောင့် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ (၃)ဦးကျန်ရှိ

မြန်မာနိုင်ငံတွင် ဓါတ်ခွဲခန်းအဖြေစောင့် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ (၃)ဦးကျန်ရှိ
ဖေဖော်ဝါရီ 20, 2020
By 🌸

မြန်မာနိုင်ငံတွင် ဓါတ်ခွဲခန်းအဖြေစောင့် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ (၃)ဦးကျန်ရှိ

ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ (၈)ဦး၏ ဓါတ်ခွဲခန်းအဖြေ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့၌ ရရှိလာရာ ဗိုင်းရပ်စ်မတွေ့ရကြောင်း အဖြေရရှိသဖြင့် ဆေးရုံတွင် ဓါတ်ခွဲအဖြေစောင့်နေသည့် စောင့်ကြည့်လူနာ (၃)ဦးကျန်ရှိကြောင်း သိရသည်။

 မန္တလေးပြည်သူ့ဆေးရုံကြီးမှ အမျိုးသားတစ်ဦး၊ လာရှိုးပြည်သူ့ဆေးရုံကြီးမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး၊ တောင်သာမြို့နယ်ဆေးရုံမှ အမျိုးသားတစ်ဦး၊ မြစ်သားမြို့နယ်ဆေးရုံမှ အမျိုးသား နှစ်ဦး၊ ဝေဘာဂီအထူးကုဆေးရုံမှ အမျိုးသားနှစ်ဦးတို့တွင် ကိုရိုနာဗိုင်းရပ်စ်မတွေ့ရကြောင်း WHO ရည်ညွှန်းဓါတ်ခွဲခန်းမှ ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့တွင် ဓါတ်ခွဲအဖြေရရှိလာခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဆေးရုံအသီးသီးတွင် စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော ကျန်လူနာ (၃)ဦး၏ ဓါတ်ခွဲစစ်ဆေးမှု လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနိုင်ချေရှိသူများ၏ ဓါတ်ခွဲနမူနာများကို WHO ရည်ညွှန်းဓါတ်ခွဲခန်းသို့ ပို့စစ်နေရာမှ မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (NHL) က ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့မှစတင်၍ ဓါတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~