ကျိုင်းတုံကက်သလစ်သာသနာပိုင် ဆရာတော်၏ အန္တိမဈာပန အခမ်းအနား အတွက် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ကျိုင်းတုံသို့ ရောက်ရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံကက်သလစ်သာသနာ၏ သာသနာပိုင်ဆရာတော်ကြီး ပီတာလွီးစ်ကျာခူ၏ အန္တိမဈာပနအခမ်းအနား အတွက် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် ဥက္ကဌ ဂိုဏ်းအုပ်ဆရာတော်ကြီး ဖဲလစ် လျန်းခင်းထန် နှင့် ဆရာတော်ကြီးများ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့တွင် ရောက်ရှိလာကြောင်း သိရသည်။
ကျိုင်းတုံကက်သလစ်သာသနာ၏ သာသနာပိုင်ဆရာတော်ကြီး ပီတာလွီးစ်ကျာခူသည် ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့ နံနက် (၆) နာရီခွဲ၌ ကျိုင်းတုံမြို့ရှိ ဂိုဏ်းအုပ်ဆရာကြီးကျောင်းတိုက်တွင် ခရစ်တော်၌ အိပ်ပျော်သွား၍ အန္တိမဈာပနအခမ်းအနားကို ကျိုင်းတုံမြို့၊ စွမ်ဆတ်ကုန်း၊ အမှတ် (၁)ရပ်ကွက်ရှိ ကက်သလစ်သာသနာ ကျောင်းဝင်းတွင် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့ နံနက်(၇)နာရီက စ၍ ကျင်းပမည်ဖြစ်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံကက်သလစ်သာသနာ၏ သာသနာပိုင်ဆရာတော်ကြီးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၂၂)ရက်နေ့က ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့လာကြောင်းလည်း သိရသည်။
ဓါတ်ပုံ - အိုက်သား