COVID-19 ကြောင့် ပေါက်ခေါင်း ဒုမြို့နယ်အုပ်ချုပ်ရေးမှူး သေဆုံးကြောင်း အတည်ပြု

COVID-19 ကြောင့် ပေါက်ခေါင်း ဒုမြို့နယ်အုပ်ချုပ်ရေးမှူး သေဆုံးကြောင်း အတည်ပြု
ဧပြီ 8, 2020
By Tachileik News Agency
COVID-19 ကြောင့် ပေါက်ခေါင်း ဒုမြို့နယ်အုပ်ချုပ်ရေးမှူး သေဆုံးကြောင်း အတည်ပြု

မြန်မာနိုင်ငံ၏ (၁၇)ယောက်မြောက် COVID-19 အတည်ပြုလူနာသည် COVID-19 ကြောင့် ၂၀၂၀ခုနှစ် ဧပြီလ (၈)ရက်နေ့ နံနက်(၃)နာရီ မိနစ်(၄၀) အချိန်က ဆေးရုံတွင် ကွယ်လွန်သွားကြောင်း ကျန်းမာရေးက အတည်ပြုလိုက်သည်။

သေဆုံးသူသည် COVID-19 ကြောင့်  သွေးဆိပ်တက်ခြင်းနှင့် ပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက ညွန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် အတည်ပြုပြောကြားထားခြင်းဖြစ်သည်။

အသက်(၄၇)နှစ်ရှိ ပေါက်ခေါင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးသည် ပြည်မြို့ရှိ ဆေးရုံကြီးတွင် ၎င်း၏ သားသမီးများဖြစ်သည့် အတည်ပြုလူနာ အသက်(၁၀)နှစ်အရွယ် နှင့် အသက်(၈)နှစ်အရွယ် အပါအဝင် မိသားစုဝင်တစ်ဦးဖြစ်သူ အသက်(၁၈)နှစ်အရွယ် အတည်ပြုလူနာ အမှတ်စဉ် (၂၀)တို့နှင့်အတူ ဆေးဝါးကုသမှု ခံယူနေရသူဖြစ်ပြီး အဆိုပါ (၃)ဦးမှာ ဧပြီလ(၈)ရက်နေ့အထိ ကျန်းမာရေးကောင်းမွန်နေဆဲဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ဇနီးဖြစ်သူမှာ အတည်ပြုလူနာ အမှတ်(၁၅)ဖြစ်ပြီး ရန်ကုန်မြို့ရှိ ဝေဘာဂီဆေးရုံတွင် ဆေးကုသမှုခံယူနေရသူဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ခုနှစ် ဧပြီလ(၈)ရက်နေ့အထိ COVID-19 အတည်ပြုလူနာ (၂၂)ဦးရှိခဲ့ပြီး COVID-19 ကြောင့် သေဆုံးသူ (၂)ဦးရှိကြောင်းနှင့် စောင့်ကြည့်သံသယလူနာ စုစုပေါင်း (၈၃၇)ဦးအထိ ရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~