တာချီလိတ်မြို့နယ်အတွင်း အိမ်ထောင်စု (၂၇၀၀)ကျော်ကို ကျပ်တစ်သောင်းခွဲစီ ထောက်ပံ့မည်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းထဲက အခြေခံလူတန်းစားများအတွက် တစ်အိမ်ထောင်စုကို ငွေကျပ် (၁၅,၀၀၀)နှုန်းနဲ့ နိုင်ငံတော်ကနေပြီးတော့ ပံ့ပိုးထောက်ပံ့ပေးတဲ့ ငွေတွေကို ၂၀၂၀ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့မှာ အိမ်ထောင်စုပေါင်း (၂,၇၆၆) စုကို ပေးအပ်သွားမှာဖြစ်ကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောကြားလိုက်ပါတယ်။
နယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်းထဲက အခြေခံလူတန်းစားများအတွက် Covid-19 ကာလအတွင်း အခြေခံစားသောက်ကုန်များကို နိုင်ငံတော်ကိုယ်စား တာချီလိတ်မြို့မှ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များနဲ့ အလှူရှင်များက လှူဒါန်းပေးအပ်ခဲ့ပြီးနောက်မှာတော့ အခု ဒုတိယအကြိမ်အဖြစ် နိုင်ငံတော်က ငွေကြေးပံ့ပိုးပေးခြင်းဖြစ်ပါတယ်
Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်