ရွှေစက်တော်နယ်မြေ၌ သဘာဝအခြေခံခရီးသွားလုပ်ငန်းအတွက် ဟိုတယ်ဇုံတစ်ခု တည်ဆောက်မည်

ရွှေစက်တော်နယ်မြေ၌ သဘာဝအခြေခံခရီးသွားလုပ်ငန်းအတွက် ဟိုတယ်ဇုံတစ်ခု တည်ဆောက်မည်
ဇူလိုင် 20, 2020
By Tachileik News Agency
ရွှေစက်တော်နယ်မြေ၌ သဘာဝအခြေခံခရီးသွားလုပ်ငန်းအတွက် ဟိုတယ်ဇုံတစ်ခု တည်ဆောက်မည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ၊ ရွှေစက်တော်နယ်မြေ၌ သဘာဝအခြေခံခရီးသွားလုပ်ငန်းအဖြစ် ဟိုတယ်ဇုံတစ်ခုကို မြေဧက (၆၀) ပေါ်တွင် လာမည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် စတင်မည့်  ရွှေစက်တော်ဘုရားပွဲတော်ရာသီ၌ စတင်အကောင်အထည်ဖေါ်မည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းမှာ နိုင်ငံခြားခရီးသွားတွေကို စွဲဆောင်နိုင်တဲ့ အခင်းအကျင်းတွေရှိပေမဲ့ လေ့လာရမယ့် ဒေသအနီးတစ်ဝိုက်မှာ ဟိုတယ်ဇုံ မရှိတော့ ညအိပ်တည်းခိုတာမျိုးမလုပ်ကြဘဲ  ဖြတ်သွား ဖြတ်လာပဲဖြစ်နေတယ်။ အခြေချပြီး တည်းခိုလေ့လာနိုင်ဖို့ ဟိုတယ်ဇုံတစ်ခုကို တည်ဆောက်နိုင်ရေးအတွက် ဆက်စပ်ဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်းပြီး ကွန်တိုမြေပုံရေးဆွဲဖို့ ဆောင်ရွက်နေပါပြီ

ဟု မကွေး တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းတာဝန်ခံ ဦးမြင့်စိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့၌ ပြောသည်။

ရွှေစက်တော်ဒေသရှိ ပါဒခြေတော်ရာ(၂)ဆူ၊ ရွှေစက်တော်ဘေးမဲ့ တော၊ ဆင်စခန်းတို့ကို အခြေပြု၍ သဘာဝခရီးသွားလုပ်ငန်းအဖြစ် ဟိုတယ်ဇုံကို ရွှေစက်တော်အဝင်(၃)မိုင်လမ်းမှ လှေတင်တံတားအနီးရှိ ဧက (၆၀) ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး အဆင့်မီ ဟိုတယ်၊ မိုတယ်များအပြင် ဒေသထွက် ဝါးဖြင့် ဆောက်လုပ်ထားသည့် ဒေသန္တရ ရိုးရာအဆောက်အဦများကိုပါ ထားရှိမည်ဖြစ်ကြောင်း သိရသည်။

COVID 19 ကြောင့် ခရီးသွားလုပ်ငန်းများအနေဖြင့် ၂၀၂၀ ခုနှစ်ကုန်အထိ နိုင်ငံခြားသား ခရီးသွားများ ဝင်ရောက်လာနိုင်မှုကို မျှော်လင့်၍မရသဖြင့် လူထုအခြေပြုခရီးသွားလုပ်ငန်း Community Based Tourism (CBT) များအပြင် ဟိုတယ်နှင့်ခရီးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ မြို့မိမြို့ ဖများပါဝင်သည့် ၊  ခရိုင်အဆင့်၊ မြို့နယ်အဆင့် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့အစည်း (DMO) ကော်မ တီများအား ဖွဲ့စည်းကာ COVID-19 ကာကွယ်ထိန်းချုပ်ရမည့် ညွှန်ကြားချက်များနှင့်အညီ ပြည်တွင်း ခရီးသွားများနှင့် စတင်အားယူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-ဟိုတယ်နှင့်ခရီးဌာန


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~