မဲစာရင်းကြည့်ပြီးပြီလား
- လာမည့်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို သြဂုတ်လ (၇)ရက်နေ့ နောက်ဆုံးထား စစ်ဆေးနိုင်ပါတယ်။
- နိုင်ငံသားတစ်ဦး၏ အခွင့်အရေးအဖြစ် အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရှိမည်ဖြစ်သော်လည်း မဲဆန္ဒရှင်စာရင်းတွင် အမည်မပါဝင်ပါက မဲပေးခွင့်ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။
- ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ် မဲပေးခွင့်ရကြမည့် အသက် (၁၈) နှစ်ပြည့်ပြီး လူငယ် (၅) သန်းဝန်းကျင်ရှိနေပါတယ်။
- မဲစာရင်းတွင် အမည်မပါခြင်း၊ ကိုယ်ရေးအချက်အလက်မှားခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးရုံးရှိ ကော်မရှင်အဖွဲ့ခွဲများထံ အခကြေးငွေ မပေးရဘဲ ပြင်ဆင်ရန် တင်ပြနိုင်မှာဖြစ်ပါတယ်။
- မဲစာရင်းတွေကို သင်နေထိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေမှာ သွားကြည့်ရမှာပါ။
Tachileik News Agency