(၃၂) နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် ပေးဆပ်သူတို့ စကားဝိုင်းကို မကွေးတွင် ကျင်းပ
(၃၂) နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် ပေးဆပ်သူတို့စကားဝိုင်းကို မကွေးမြို့၊ နတ်မောက်လမ်းရှိ သာ သုံးသာခန်းမ၌ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ(၈)ရက် မွန်းလွဲပိုင်းတွင် ကျင်းပသည်။
“ဒီစကားဝိုင်းက ကျွန်တော်တို့ တစ်ဦးချင်းရဲ့ ပေးဆပ်မှုတွေကိုဖော်ကျူးချင်တာမဟုတ်ပါဘူး။ လူ့အခွင့် အရေးခိုင်မာတဲ့ ဒီမိုကရေစီနိုင်ငံပေါ်ပေါက်ရေးအတွက် ပြည်သူတစ်ရပ်လုံးရဲ့ ပေးဆပ်မှုတွေကို နှောင်း လူတွေ မမေ့စိမ့်သောငှာ ဖော်ကျူးနေခြင်း ဖြစ်ပါတယ်။ ဒီမိုကရေစီရေးအတွက် အသက်တွေ ၊ ဘဝတွေ ဘယ်လောက်ပဲ ပေးခဲ့ရ ပေးခဲ့ရ ၊ ပေးရသလောက် တန်ပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်ကျော်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
စကားဝိုင်းကို မြန်မာ့ဒီမိုကရေစီအရေးတွင် နိုင်ငံရေးအကျဉ်းကျခံရသူ အမျိုးသမီးများနှင့် မိသားစုဝင် အမျိုးသမီးများ၏ အသံကိုမြှင့်တင်ရန်၊ ပျောက်ဆုံးနေသောအမှန်တရားနှင့် တရားမျှတမှုတို့ကို ပြန်လည်ရှာဖွေရန် ၊ အတိတ်၏ ခါးသီးမှုများကို သင်ခန်းစာယူ၍ အနာဂတ်အတွက်ပြင်ဆင်ရန် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစကားဝိုင်း၌ သဘာပတိဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမြင့်ငွေ(ရေနံချောင်း) က အမှာ စကားပြောကြား၍ ဝိမုတ္တိအမျိုးသမီးအဖွဲ့ဥက္ကဌ ဆရာလေး ဒေါ်ပညာသိင်္ဂ ီ က အခမ်းအနား ပြုလုပ်ရ ခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမျိုးမင်းက ဦးဆောင် ဆွေးနွေးကာ ဦးအောင်ကျော်ကျော် ၊ ဦးမောင်မောင် ၊ ဒေါ်ခင်နှင်းနွယ် ၊ ဒေါ်မိုးမိုးနိုင်တို့ ပါဝင်ဆွေးနွေးခဲ့ကြပြီး နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်သန်းသန်းဌေး က ကျေးဇူးတင်စကားပြောကြားပြီးနောက် အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်