မိုင်းယောင်းမြို့တွင် Covid-19 ကာကွယ်ရေးအတွက် ဈေးသည် နှင့် ဈေးဝယ်များအနေဖြင့် Mask များ တပ်ဆင်ကြရန် အသိပေး လုပ်ဆောင်

မိုင်းယောင်းမြို့တွင် Covid-19 ကာကွယ်ရေးအတွက် ဈေးသည် နှင့် ဈေးဝယ်များအနေဖြင့် Mask များ တပ်ဆင်ကြရန် အသိပေး လုပ်ဆောင်
သြဂုတ် 23, 2020
By Tachileik News Agency
မိုင်းယောင်းမြို့တွင် Covid-19 ကာကွယ်ရေးအတွက် ဈေးသည် နှင့် ဈေးဝယ်များအနေဖြင့်  Mask များ တပ်ဆင်ကြရန် အသိပေး လုပ်ဆောင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ဈေးသည်များ နှာခေါင်းစည်း(Mask)တပ်ဆင်ရေးနှင့် ဈေးဝယ်များလည်း တပ်ဆင်ရေးအတွက်  မြို့နယ် Covid-19 ရောဂါ ကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်ကုသရေးကော်မတီမှ ၂၀၂၀ခုနှစ် ဩဂုတ်လ (၂၃)ရက် နံနက်ပိုင်းက မြို့မဈေးအတွင်း  အသိပညာပေးမှုများ လုပ်ဆောင်ကြောင်း သိရသည်။
မိုင်းယောင်းမြို့မဈေးအတွင်း  မြို့နယ် Covid-19 ရောဂါ ကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်ကုသရေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ  အမှုဆောင်အရာရှိ ဦးအားထူယာ နှင့် တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့က  ဈေးသည်များ အနေဖြင့် နှာခေါင်းစည်း(Mask)များ တပ်ဆင်၍ ဈေးရောင်း ဈေးဝယ်ပြုလုပ်ကြရန် ဆွေးနွေးပြောကြားပြီး ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်လာသူ ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် Covid-19 ပြည်တွင်းကူးစက်မှု များလာသည့်အတွက် မိုင်းယောင်းမြို့တွင်လည်း   ပြည်တွင်းကူးစက်မှုများမရှိစေရန်အတွက် ဈေးသည်များနှင့် ဈေးဝယ်သူများကို နှာခေါင်းစည်(Mask)များ တပ်ရန် လိုက်လံ အသိပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - စိုင်းအောင်ဇော်လင်း
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~