နိုင်ငံအတွင်း Covid-19 အတည်ပြုလူနာ (၇၇)ဦး ထပ်တိုး

နိုင်ငံအတွင်း Covid-19 အတည်ပြုလူနာ (၇၇)ဦး ထပ်တိုး
သြဂုတ် 29, 2020
By Tachileik News Agency
နိုင်ငံအတွင်း Covid-19 အတည်ပြုလူနာ  (၇၇)ဦး ထပ်တိုး
Covid 19 အတည်ပြုလူနာ (၇၇)ဦး ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၉) ရက်နေ့ ညနေပိုင်းတွင် တွေ့ရသဖြင့်  သြဂုတ်လ (၂၉)ရက်နေ့ တစ်ရက်အတွင်း ထုတ်ပြန်ချက် (၂)ခုအရ အတည်ပြုလူနာ (၉၀) ဦးထပ်တိုးလာခြင်းဖြစ်၍ စုစုပေါင်းအတည်ပြုလူနာ (၇၃၃)ဦး ရှိလာပြီဖြစ်သည်။
ညနေပိုင်းတွင် ထုတ်ပြန်သည့် အတည်ပြုလူနာ (၇၇)ဦးကို ဓာတ်ခွဲဌာန (၈)နေရာ၌ စုစုပေါင်း ဓာတ်ခွဲနမူနာ (၁၄၇၄)ခုအား စစ်ဆေးမှုမှ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင်း ကူးစက်နေသည့် COVID 19 ရောဂါမှာ ဗီဇပြောင်းလဲပြီး ကူးစက်မှု (၁၀)ဆမြန်သည်ဟု ကျန်းမာရေးပညာရှင်များက ပြောကြားထားကာ ဗိုင်းရပ်စ်၏ ဗီဇပြောင်းလဲမှုကို စစ်ဆေးနေပြီဖြစ်သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်တွင်း သွားလာခဲ့သူများ၌ ရောဂါကူးစက်ခံရနိုင်ချေများနေ၍ မိမိကိုယ်တိုင်နှင့် အခြားသူများအား ကာကွယ်နိုင်ရန် နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်ကြရန် တိုက်တွန်းထားသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~