မကွေးတိုင်းဒေသကြီးအတွင်း မန်းစက်တော်ရာဘုရားတွင် အမြင့်ပေ (၁၀၀)ရှိသည့် ဓါတ်လှေကား (၂)စင်း တပ်ဆင်မည်

မကွေးတိုင်းဒေသကြီးအတွင်း မန်းစက်တော်ရာဘုရားတွင် အမြင့်ပေ (၁၀၀)ရှိသည့် ဓါတ်လှေကား (၂)စင်း တပ်ဆင်မည်
စက်တင်ဘာ 3, 2020
By Tachileik News Agency

မကွေးတိုင်းဒေသကြီးအတွင်း မန်းစက်တော်ရာဘုရားတွင် အမြင့်ပေ (၁၀၀)ရှိသည့် ဓါတ်လှေကား (၂)စင်း တပ်ဆင်မည်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်းရှိ မန်းစက်တော်ရာဘုရားတွင် အမြင့်ပေ (၁၀၀)ရှိမည့် ဓါတ်လှေကား(၂)စင်းကို  အများပြည်သူများ၏ နဝကမ္မလှူဒါန်းငွေများအနက်မှ ခန့်မှန်းလုပ်ငန်းတန်ဘိုး ငွေကျပ် (၁၃,၄၈၉) သိန်း ထုတ်ယူအသုံးပြု၍ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
“နှစ်ကျိပ်ရှစ်ဆူရင်ပြင် ကနေ ကိုးခန်းကြီးအထိ အမြင့် ပေ(၁၀၀) ဝန်းကျင်လောက်ရှိမယ့် အတက် အဆင်း ဓါတ်လှေကား(၂)စင်း တပ်ဆင်သွားမှာပါ။  ဓာတ်လှေကားတည်ဆောက်ခြင်းလုပ်ငန်း ပထမအဆင့်အနေနဲ့ တာဝါ နဲ့ စင်္ကြန်လမ်းတည်ဆောက်ခြင်း လုပ်ငန်းကို စတင်လုပ်ဆောင်တော့မှာဖြစ်ပါတယ်။ (၈)လ အတွင်း အပြီးတည်ဆောက်နိုင်မယ်လို့ ရည်မှန်းထားပါတယ်” ဟု ရွှေစက်တော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 
အဆိုပါ ဓာတ်လှေကားတည်ဆောက်ခြင်းလုပ်ငန်းကို မကွေးတိုင်းဒေသကြီးလွှတ်တော် အဆောက်အဦ တည်ဆောက်ခဲ့သည့် ကျော်သာကုမ္ပဏီက တာဝန်ယူတည်ဆောက်မည်ဖြစ်ပြီး လုပ်ငန်းအပ်နှံသူ ဂေါပကအဖွဲ့က ဓါတ်လှေကား(၂)စင်း နှင့် ဆက်စပ်သည့်လျှပ်စစ်ပစ္စည်းများ၊ တည်ဆောက်ရေး၌ လိုအပ်သည့် ကရိန်းသယ်ယူစရိတ် နှင့် ကုန်ကျစရိတ်များ ၊ လုပ်ငန်းအရည်အသွေးဆိုင်ရာ Q C Fees များကို ပံ့ပိုးပေးရမည်ဖြစ်ကြောင်း သိရသည်။
ဘုရားဖူးလာ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ နှင့် မသန်စွမ်းသူများ အတွက် အဓိရည်ရွယ်၍ ဓာတ်လှေကားတည်ဆောက်ခြင်းဖြစ်သည်ဆို၏။
“သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ နဲ့ မသန်စွမ်းသူတွေ လွယ်လင့်တကူ ဘုရားဖူးနိုင်စေဖို့အဓိ က ရည်ရွယ်တာဖြစ်ပြီး အထက်စက်တော်ရာမှာ ကားပါကင် နေရာ ကျဉ်းမြောင်းတဲ့အတွက် ပွဲတော်ရက်မှာ ကားရပ်ဖို့နေရာ အခက်အခဲနဲ့ အဆင်းအတက် အန္တရာယ်ကင်းဖို့အတွက်လည်း ရည်ရွယ်ပါတယ်” ဟု ဦးခင်မောင်စိုး က ပြောသည်။
ကိုးခန်းကြီးမှ အထက်စက်တော်ရာအထိ ရွေ့လျှားစက်လှေကား တပ်ဆင်သွားရန်အတွက် ဓါတ်လှေကားဒီဇိုင်းကို အင်ဂျင်နီယာ ဦးအောင် က အခမဲ့ ရေးဆွဲပေးခဲ့ကာ နေရာသတ်မှတ်ခြင်းကို ရွှေစက်တော်တစ်ခုလုံး၏ Master Plan ရေးဆွဲသည့် ဗိသုကာပညာရှင် ဦးခိုင်ဝင်းလတ် က စီစဉ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းအတွက် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဌ၊ ရွှေစက်တော်ဘုရား ဩဝါဒစရိယ ဆရာတော်အမှူးပြု၍  မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် အစိုးရအဖွဲ့၊ ရွှေစက်တော်ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက နှစ်ကျိတ်ရှစ်ဆူဘုရားအောင်မြေရင်ပြင်တော်၌  ပန္နက်အခမ်းအနားအား ၂၀၂၀ခုနှစ်  စက်တင်ဘာ လ (၂) ရက်နေ့တွင်က ကျင်းပခဲ့ကြောင်း သိရသည်။
Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-သန်းနိုင်ဦး
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~