တာချီလိတ်တစ်မြို့လုံး စက်တင်ဘာလ(၄)ရက် ည(၁၂)နာရီကျော်က စ၍ အချိန်(၄)နာရီဝန်းကျင်အကြာ လျှပ်စစ်မီး ပြတ်တောက်မည်

တာချီလိတ်တစ်မြို့လုံး စက်တင်ဘာလ(၄)ရက် ည(၁၂)နာရီကျော်က စ၍ အချိန်(၄)နာရီဝန်းကျင်အကြာ လျှပ်စစ်မီး ပြတ်တောက်မည်
စက်တင်ဘာ 4, 2020
By Tachileik News Agency

တာချီလိတ်တစ်မြို့လုံး စက်တင်ဘာလ(၄)ရက် ည(၁၂)နာရီကျော်က စ၍ အချိန်(၄)နာရီဝန်းကျင်အကြာ  လျှပ်စစ်မီး ပြတ်တောက်မည် 

ထိုင်းနိုင်ငံ မယ်ကျန်းဓါတ်အားခွဲရုံတွင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးစနစ်အား အရေးပေါ်ပြုပြင် ထိန်းသိမ်းရေးဆောင်ရွက်ရန် ရှိသည့်အတွက် ထိုင်းနိုင်ငံမှ လျှပ်စစ်မီး ရယူသုံးစွဲနေသည့် တာချီလိတ်တစ်မြို့လုံး လျှပ်စစ်မီးအား စက်တင်ဘာလ(၄)ရက်နေ့ ညပိုင်း (၁၂)နာရီကျော်က စ၍  အချိန်(၄)နာရီဝန်းကျင်အကြာ ပြတ်တောက်မည်ဖြစ်ကြောင်း မြို့မီးလင်းရေးရုံးက အသိပေးထားရှိသည်။

ထိုင်းနိုင်ငံဘက်မှ အရေးပေါ်ပြုပြင်မှုကို ပြည်သူများ အိပ်ချိန်တွင် ပြုလုပ်မည်ဖြစ်၍ ၂၀၂၀ခုနှစ် စက်တင်ဘာလ (၄)ရက်နေ့ ည(၁၂)နာရီမှ နောက်တစ်နေ့ နံနက်(၄)နာရီအထိ ပြတ်တောက်မည်ဖြစ်၍ ကြာမြင့်ချိန်မှာ အချိန်(၄)နာရီဝန်းကျင် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ 

စက်တင်ဘာလ(၆)ရက်နေ့တွင်လည်း နံနက်(၆)နာရီခွဲမှ ညနေ(၅)နာရီခွဲအချိန်အထိ တာချီလိတ်တစ်မြို့လုံး လျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်ကြောင်းလည်း သိရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~