နိုင်ငံအတွင်း အတည်ပြုလူနာ (၈၂)ဦး ထပ်တိုး၍ ကူးစက်ခံရသူ စုစုပေါင်း (၁၈၈၉)ဦးအထိ ရှိလာ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့၏ ပထမအသုတ်အဖြစ် (၁၂၂၆)ဦး၏ ဓါတ်ခွဲနမူနာများကို စစ်ဆေးရာ Covid-19 ကူးစက်ခံရသူ (၈၂)ဦး တွေ့ရှိကြောင်း စက်တင်ဘာလ (၉)ရက်နေ့ ည(၈)နာရီတွင် သတင်းထုတ်ပြန်သည်။
ကူးစက်ခံရသူ (၈၂)ဦးတွင် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့မှ ဖြစ်သည်။
နိုင်ငံအတွင်း Covid-19 ကူးစက်ခံရသူသည် ၂၀၂၀ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့ ညပိုင်းအထိ (၁၈၈၉)ဦး ရှိပြီး သေဆုံးသူမှာ (၁၂)ဦးအထိ ရှိနေပြီ ဖြစ်သည်။
Tachileik News Agency