ကမ္ဘာ့တိရိစ္ဆာန်များနေ့ အပါအဝင် အထိမ်းအမှတ်နေ့များတွင် ကျောက်မဲမြို့နယ်အတွင်းရှိ ဈေးများ၌ အသား/ငါးများ မရောင်းချရန် ညွှန်ကြားထား

ကမ္ဘာ့တိရိစ္ဆာန်များနေ့ အပါအဝင် အထိမ်းအမှတ်နေ့များတွင် ကျောက်မဲမြို့နယ်အတွင်းရှိ ဈေးများ၌ အသား/ငါးများ မရောင်းချရန် ညွှန်ကြားထား
အောက်တိုဘာ 3, 2020
By Tachileik News Agency
ကမ္ဘာ့တိရိစ္ဆာန်များနေ့ အပါအဝင် အထိမ်းအမှတ်နေ့များတွင် ကျောက်မဲမြို့နယ်အတွင်းရှိ ဈေးများ၌ အသား/ငါးများ မရောင်းချရန် ညွှန်ကြားထား
ကမ္ဘာ့တိရိစ္ဆာန်များနေ့ အပါအဝင် တစ်နှစ်လျှင် အထိမ်းအမှတ်ရက် စုစုပေါင်း(၈)ရက်၌ ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ စျေးများအားလုံး အသား/ငါး မရောင်းချရန် ညွှန်ကြားထားကြောင်း သိရသည်။
အောက်တိုဘာလ(၄)ရက်နေ့အား ကမ္ဘာ့တိရိစ္ဆာန်များနေ့ အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
"မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်ထဲက စျေးတွေအားလုံးမှာ အောက်တိုဘာ (၄)ရက်နေ့ ကမ္ဘာ့တိရိစ္ဆာန်များနေ့လိုမျိုး အထိမ်းအမှတ်ရက်တွေ၊ အဘိဓမ္မာ အခါတော်နေ့လိုမျိုး အခါကြီး ရက်ကြီးတွေ အပါအဝင် အသား/ ငါး မရောင်းချဖို့ ညွှန်ကြားထားတာ ကြာပါပြီ။ စျေးရောင်းသူတွေ ၊ သားသတ်လုပ်ငန်းရှင်တွေကလဲ သဘောတူစွာနဲ့ လိုက်နာကြပါတယ်"ဟု ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
စျေးများတွင် အသားနှင့်ငါး သတ်ဖြတ် ရောင်းချမှုရပ်နားရမည့် ရက်များအဖြစ် နှစ်စဥ်နှစ်တိုင်း၏ နှစ်ဆန်းတစ်ရက်နေ့၊ ကဆုန်လပြည့်နေ့၊ ဝါဆို လပြည့်နေ့၊ ဝါခေါင်လပြည့်နေ့၊ အောက်တိုဘာ (၄)ရက် 
(ကမ္ဘာ့တိရိစ္ဆာန်များနေ့)၊ သီတင်းကျွတ်လပြည့်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့ နှင့် တပေါင်း လပြည့်နေ့ တို့ကို သတ်မှတ်ပေးထားခြင်း ဖြစ်သည်ဟု သိရသည်။
Covid-19 ကူးစက်ရောဂါ ပြန့်ပွားနေခြင်း​ကို ကာကွယ်ရန် လူစုလူဝေး မဖြစ်ပေါ်စေရေး အတွက် ကျောက်မဲရှိ ဗဟိုစျေးကြီးအား တောင်နှင့်မြောက် နှစ်ဖက်ခွဲကာ ဖွင့်လှစ်ထားစေပြီး၊ မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ လက်ဖက်ရည်ဆိုင် နှင့် စားသောက်ဆိုင်များ အပါအဝင် ဆိုင် စုစုပေါင်း ၁၄၁ ဆိုင်ကိုလဲ Take Away စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
 
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~