အောက်တိုဘာလ(၁၃)ရက်နေ့တွင် နိုင်ငံအတွင်း Covid-19 လူနာ (၁,၁၂၃)ဦး ထပ်တိုး
နိုင်ငံအတွင်း ဒေသသီးသီးမှ ဓါတ်ခွဲနမူနာများကို စစ်ဆေးရာ အတည်ပြုလူနာ စုစုပေါင်း ( ၁,၁၂၃ )ဦး ထပ်တိုးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် အောက်တိုဘာလ(၁၃)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထားရှိသည်။
အောက်တိုဘာလ(၁၃)ရက်နေ့တွင် အတည်ပြုလူနာ (၁,၁၂၃)ဦး ထပ်တိုးလာသည့်အပြင် သေဆုံးသူလည်း (၂၉)ဦး ထပ်တိုးလာကြောင်း သိရသည်။
နိုင်ငံအတွင်း၌ ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ အောက်တိုဘာလ(၁၃)ရက်နေ့အထိ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၃၀,၄၃၇)ဦးရှိရာ သေဆုံးသူမှာ စုစုပေါင်း (၆၉၃)ဦးအထိရှိခဲ့ပြီး သက်သာပျောက်ကင်းသူမှာ (၁၁,၇၆၉)ဦးအထိ ရှိလာ၍ လက်ရှိတွင် ဒေသအသီးသီးရှိ ဆေးရုံများတွင် ကုသမှု ခံယူနေသူ စုစုပေါင်း (၁၇,၉၇၅) ဦးရှိနေသည်။
Tachileik News Agency
⊰❂ #TachileikNewsAgency #TNA #TachileikOnlineNews #Tachileik #Myanmar #MyanmarNews #MyanmaronlineNews Tachileik News Agency