ထိုင်းနိုင်ငံ ဘန်ကောက်တွင် တရားမဝင် နေထိုင်သူများကို စီမံချက်ဖြင့် ဖမ်းဆီးနေရာ မြန်မာအချို့လည်း ဖမ်းဆီးခံနေရ

ထိုင်းနိုင်ငံ ဘန်ကောက်တွင် တရားမဝင် နေထိုင်သူများကို စီမံချက်ဖြင့် ဖမ်းဆီးနေရာ မြန်မာအချို့လည်း ဖမ်းဆီးခံနေရ
နိုဝင်ဘာ 13, 2020
By Tachileik News Agency
ထိုင်းနိုင်ငံ ဘန်ကောက်တွင် တရားမဝင် နေထိုင်သူများကို စီမံချက်ဖြင့် ဖမ်းဆီးနေရာ မြန်မာအချို့လည်း ဖမ်းဆီးခံနေရ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် တရားမဝင်နေထိုင်သူမှုများ တားဆီးရေးစီမံချက်ဖြင့် ဖမ်းဆီးမှုများ လုပ်ဆောင်နေရာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့က ဖမ်းဆီးမှုအတွင်း မြန်မာနိုင်ငံသား (၂) ဦး အပါအဝင် တရားမဝင် နေထိုင်သူ (၈) ဦးကို ဖမ်းဆီးရမိထားကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
နိုင်ငံတွင်း COVID 19 ကာကွယ်ရေးနှင့် တရားမဝင် နေထိုင်သူများ တားဆီးရေးအတွက် စီမံချက်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရပြီး လာအို (၄)ဦး၊ မြန်မာ (၂)ဦး၊ နိုင်ဂျီးရီးယား (၁) ဦးနှင့် ကမ္ဘောဒီးယား (၁) ဦးတို့ကို နေရာတစ်နေရာစီမှ ဖမ်းဆီးရမိထားခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံထားရသူအားလုံးမှာ နေထိုင်ခွင့်သက်တမ်းကျော်လွန်နေထိုင်မှုဖြင့် အရေးယူခံရမည်ဖြစ်သည့်အပြင် ကမ္ဘာဒီးယားနိုင်ငံသားမှာ တရားမဝင်အလုပ်လုပ်ကိုင်မှုဖြင့်ပါ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် COVID 19 ကာကွယ်ရေးအတွက် နယ်စပ်ဝင်ပေါက်အားလုံးကို တင်းကြပ်စွာတားမြစ်ထားပြီး ဖမ်းဆီးမှုများလည်း လုပ်ဆောင်နေခြင်းဖြစ်သည်။
Tachileik News Agency
Source: Bangkok Post
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~