တာချီလိတ်မြို့တွင် အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲ ဖမ်းဆီး ခေါ်ဆောင်ခံရ

တာချီလိတ်မြို့တွင် အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲ ဖမ်းဆီး ခေါ်ဆောင်ခံရ

 နယ်စပ်ဒေသ တာချီလိတ်မြို့ အာခါဈေးလမ်းဘက်တွင် အမျိုးသမီးတစ်ဦးကို ကားပေါ်ဆွဲခေါ်၍ ပြန်ပေးဆွဲ ဖမ်းဆီးခေါ်သွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၅ခုနှစ် ဧပြီလ(၅)ရက်နေ့ ည(၆)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်း၏ လမ်းသွယ်(၃)ထဲတွင် ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသသည်။

"ကောင်မလေးက ကားမောင်လာတာ။ အဲ့ဒါကို အဲ့လမ်းကြားအရောက်မှာ Crown အဖြူရောင် ကားနဲ့ လူ(၃)ယောက်က အတင်းကားပေါ် ဆွဲတင်ခေါ်ပြီး ကားမောင်းထွက်သွားတာ။ တာချီလိတ်မှာ သိတဲ့အတိုင်း ဖြစ်လာပြီဆို ဘယ်သူမှ အနားမကပ်ရဲဘူးလေ။ သူတို့မှာက လက်နက်တွေပါတော့ ကြောက်ရတယ်"ဟု သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူ အမျိုးသမီးမှာ အသက်(၂၀)ကျော်အရွယ် အမျိုးသမီးဖြစ်ပြီး ၎င်းအား ဖမ်းဆီးခေါ်ဆောင်သွားသည့် အမျိုးသား(၃)ဦးတွင် လက်နက်များ ပါသည်ဟု သိရသည်။

တာချီလိတ်မြို့တွင် လမ်းကြိုလမ်းကြားများတွင် လုယက်မှုများ နေ့စဉ် ဖြစ်ပွားနေသလို ယခုလို ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်မှုများလည်း မကြာခဏ ဖြစ်ပွားလျှက်ရှိသည်။