ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် လင်မယားအချင်းချင်း စကားများပြီး ခြံဝင်းအတွင်းရှိ တဲအိမ်ကို မီးရှို့သည့်အတွက် မီးသတ်ယာဉ် (၂)စီးဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကျိုင်းကာရပ်အတွင်း အထက(၁)လမ်းရှိ နေအိမ်တွင် အမျိုးသားမှာ အရက်မူးပြီး လင်မယားအချင်းချင်း စကားများရာမှ ခြံဝင်းအတွင်းရှိ တဲအိမ်ကို ကိုယ်တိုင်မီးရှို့ခြင်းဖြစ်ကြောင်း ကျိုင်းတုံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
၂၀၂၅ခုနှစ် ဧပြီလ(၁)ရက်နေ့ ည(၈)နာရီခွဲဝန်းကျင်အချိန်က မီးလောင်မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှု ဖြစ်ပွားရာသို့ ကျိုင်းတုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး နှင့်အတူ သန္ဓေနှင့်အရန် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၁၃)ဦးဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
#TachileikNewsAgency
Photo: ကျိုင်းတုံ မီးသတ်တပ်ဖွဲ့