တာချီလိတ် မှ မန္တလေးသို့ သွားသည့် ခရီးသည်ယာဉ်တစ်စီး ကျိုင်းတုံမြို့အကျော် စပါယ်ရှယ်တောင်အဆင်းတွင် ချောက်ထဲထိုးကျ၍ (၂၀)ကျော်ဒဏ်ရာရရှိပြီး သေဆုံးသူလည်းရှိ

တာချီလိတ် မှ မန္တလေးသို့ သွားသည့် ခရီးသည်ယာဉ်တစ်စီး ကျိုင်းတုံမြို့အကျော် စပါယ်ရှယ်တောင်အဆင်းတွင် ချောက်ထဲထိုးကျ၍ (၂၀)ကျော်ဒဏ်ရာရရှိပြီး သေဆုံးသူလည်းရှိ

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ - တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ် ကျိုင်းတုံဒေသအတွင်း စပါယ်ရှယ်တောင်အဆင်းတွင် ခရီးသယ်ယာဉ်တစ်စီး ချောက်ထဲပြုတ်ကျသွားမှုကြောင့် ခရီးသည် (၂၀)ကျော် ဒဏ်ရာရရှိပြီး အနည်းဆုံး (၅)ဦးအထက် သေဆုံးမှုရှိကြောင်း မတ်လ(၂)ရက်နေ့ နံနက်(၂)နာရီ (၄၅)မိနစ်အချိန်အထိ ကနဦး သိရသည်။

စပါယ်ရှယ်တောင်အဆင်း လက်ပံကွေ့(၁) မိုင်တိုင် အမှတ် (၃၆၆ မိုင် ၆/၇ ဖာလုံ)အကြားတွင် တာချီလိတ်မှ မန္တလေးသို့ ခရီးသည်(၂၀)ကျော် တင်ဆောင်ပြီး မောင်းနှင်သွားသည့် GI Express ခရီးသယ်ယာဉ်တစ်စီးသည် ၂၀၂၅ခုနှစ် မတ်လ(၁)ရက်နေ့ ည(၈)နာရီဝန်းကျင်အချိန်က ချောက်ထဲထိုးကျသွားခြင်း ဖြစ်ကြောင်း သိရသည်။

"ဒဏ်ရာရရှိသူက (၂၀)ကျော်တယ်။ သေဆုံးသူက (၅)ယောက်အထက်လို့ သိရတယ်။ လူကလည်းများတော့ အတိအကျ ပြောဖို့ခက်နေသေးတယ်။ မှောင်မှောင်မဲမဲထဲ ရှာဖွေတွေ့ရှိသလောက်ကို ဆေးရုံကို ပို့ထားတာဆိုတော့လေ။ ထိခိုက် နဲ့ သေဆုံး လူဦးရေ အတိအကျကတော့ မနက်မှပဲ သိနိုင်မယ်လို့ထင်တယ်"ဟု ရှာဖွေကယ်ဆယ်ရေးတွင် ပါဝင်သူ တစ်ဦးက Tachileik News Agency သို့ မတ်လ(၂)ရက်နေ့ နံနက်(၂)နာရီ (၄၅)မိနစ်အချိန်က ပြောသည်။

ချောက်ထဲပြုတ်ကြကျသွားမှုကြောင့် ကျိုင်းတုံခရိုင်/မြို့နယ်မှ မီးသတ်တပ်ဖွဲ့ နှင့် ကျိုင်းတုံ တိုင်းနေနာရေးကူညီမှုအသင်း အပါအဝင် လူမှုကူညီရေးအသင်းအဖွဲ့များက သွားရောက်၍ ကူကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 သေဆုံးသူအလောင်းအား တိုင်းနေနာရေးကူညီမှုအသင်းမှ ရင်ခွဲရုံသို့ ပို့ဆောင်စဉ်

ထိခိုက် နှင့် သေဆုံး လူဦးရေ အရေအတွက်မှာ ကနဦး သတင်းရရှိထားသည့် အတိုင်းသာဖြစ်ပြီး ဆက်လက်၍ စုံစမ်းဖော်ပြပေးသွားပါမည်။



  

Photo: တိုင်းနေနာရေးကူညီမှုအသင်း