အခြောက်ခံထားသည့် မွေးကင်းစ ကလေး အလောင်း(၂)လောင်းကို ချင်းမိုင်သို့  ပါဆယ်ပို့ရန် လာစဉ် အောက်လမ်းဆရာဆိုသူကိုပါ ဖမ်းမိ 

Photo:  สระแก้วบ้านเรา,
Photo: สระแก้วบ้านเรา,
အခြောက်ခံထားသည့် မွေးကင်းစ ကလေး အလောင်း(၂)လောင်းကို ချင်းမိုင်သို့  ပါဆယ်ပို့ရန် လာစဉ် အောက်လမ်းဆရာဆိုသူကိုပါ ဖမ်းမိ 

 ထိုင်း - ကမ္ဘောဒီးယားနယ်စပ် ထိုင်းနိုင်ငံ ဆပ်ကရော့တွင် ချင်းမိုင်သို့ ပို့ဆောင်ရန်အတွက် အခြောက်ခံထားသည့် မွေးကင်းစ ကလေးအလောင်း(၂)လောင်းကို ပုဂ္ဂလိက ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းသို့ လာရောက်ပို့ဆောင်စဉ် ဖမ်းမိရာမှ အောက်လမ်းဆရာဟု ဆိုသည့် အမျိုးသားကိုပါ ဖမ်းမိကြောင်း သိရသည်။

ဆကရော့ ရဲတပ်ဖွဲ့သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၆)ရက်နေ့ နေ့လယ်ပိုင်းတွင်  ပုဂ္ဂလိကပစ္စည်းပို့ဆောင်ရေးလုပ်ငန်းတစ်ခုထံ အမျိုးသားတစ်ဦးလာပို့သည့် ပစ္စည်းထုပ်မှာ မသင်္ကာဖွယ်ရှိကြောင်း သတင်းရရှိသဖြင့် သွားရောက်စ စ်ဆေးရာမှ ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။

မွေးကင်းစ  ကလေးရုပ်အလောင်းနှစ်ခုပါဝင်သည့် အဆိုပါ ပစ္စည်းထုပ်ကို ချင်းမိုင်ရှိ အမျိုးသမီးတစ်ဦးထံ ပို့ဆောင်ရန် လိပ်မူထားကြောင်း သိရသည်။

ကလေးအလောင်း နှစ်လောင်းကို စစ်ဆေးကြည့်ရာ မွေးကင်းစ ကလေးအလောင်းများ ဖြစ်နေပြီး တစ်လောင်းတွင် ရွှေစများကပ်ထားသည်ကို တွေ့ရသည်။



ပစ္စည်းလာပို့သည့် အမျိုးသား၏ ထွက်ဆိုချက်အရ ပစ္စည်းပို့ခိုင်းသည့် ဆိုင်ရှင် ပေါလ်အား သွားရောက်စစ်ဆေးရာ အဆိုပါ ကလေးရုပ်အလောင်းနှစ်ခုကို ဆမွတ်ပရာကန်မှ ဘတ်တစ်သောင်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသည်ဟု သိရသည်။

 The Nation

လွန်ခဲ့သည့် (၃)နှစ်ကတည်းက ဆိုင်ဖွင့်ထားသည့် ဆိုင်ရှင်ပေါလ်က ၎င်းအနေဖြင့် ဝိဉာဉ်လောကနှင့် ဆက်သွယ်နိုင်စွမ်းရှိသူဟု ဆိုထားသူဖြစ်သည်။

၎င်း၏ဆိုင်သို့ ထိုင်းအမျိုးသမီးတစ်ဦးက တရုတ်ခရီးသွားဧည့်သည် (၄)ဦးကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ခေါ်ဆောင်လာခဲ့ကာ ဇန်နဝါရီလ (၂၂)ရက်နေ့တွင် ပြန်သွားကြကြောင်း သိရသည်။

အဆိုပါ တရုတ်ဧည့်သည်များက အခြောက်ခံထားသည့် ရုပ်အလောင်းများကို တွေ့သဖြင့် ချင်းမိုင်သို့ ပို့ပေးပါက ဘတ် (၃)သောင်းဖြင့် ဝယ်ယူမည်ဟု ကမ်းလှမ်းထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် ပေါလ်က ချင်းမိုင်လိပ်စာဖြင့် အဆိုပါ ရုပ်အလောင်းများအား ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်းသိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသူများအား အရေးယူရန် ဆောင်ရွက်နေပြီး ဆက်လက်စုံစမ်းဖေါ်ထုတ်နေသည်ဟု သိရသည်။



 

Source: The Nation

Photo: The Nation, สระแก้วบ้านเรา,