အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့၊ ရွာများတွင် ပြည်သူများ ယာဉ်/လမ်း အန္တရာယ် ကင်းရှင်းရေးအတွက် AA ရဲဘော်များက ဆောင်ရွက်ပေးနေသည်ဟု သိရသည်။
ယာဉ်အသွား အလာများသည့် လမ်းများတွင် အာရက္ခတပ်တော် ရဲဘော်များနှင့် DLEPS တပ်ဖွဲဝင်များ က ယာဉ်အန္တရာယ် မဖြစ်စေရေး ကြပ်မတ်နေပြီး ဆိုင်ကယ်စီးပါက ဦးထုပ်ဆောင်းရန်၊ မှေးသိုင်းကြိုး တပ်ရန်၊ ဆိုင်ကယ်တစီးတွင် လူ(၂)ဦးထက်ပို မစီးရန်၊ စည်းကမ်းချိုးဖောက်ပါက ပြစ်ဒဏ်ပေးရန် အသိ ပညာပေးသည်ဟု သိရသည်။
အာရက္ခတပ်တော် (Arakan Army-AA)သည် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီကင်းစင်ရေးအတွက် အပြင်းအထန်တိုက်ခိုက်နေချိန် သိမ်းပိုက်ထိန်းချုပ်ထားရာ မြို့၊ ရွာများတွင် ပြန်လည်တည်ဆောက်ရေးများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (United League of Arakan-ULA)က လုပ် ဆောင်နေသည်ဟု သိရသည်။
လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်နှင့် မြို့ပေါင်း(၁၉)မြို့နှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့ကို သိမ်းပိုက်ထားပြီးဖြစ်ကာ ရခိုင်နှင့် တိုင်းနယ်စပ်များ၌ စစ်ကောင်စီနှင့် တိုက်ပွဲများဆက် လက်ဖြစ်ပွားနေသည်။
Photo: Arakan Princess Media