ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း တာလေ နှင့် ကျိုင်းလပ် လမ်းပိုင်းတွင် သဲ/ကျောက်သယ်ယာဉ် မတော်တဆဖြစ်ပွားမှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အလုပ်သမာများအနက် (၃)ဦး သေဆုံးသွားကြောင်း သိရသည်။
ကျိုင်းလပ်ဘက်မှ တာလေဘက်သို့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့ ညနေ(၅)နာရီခွဲကျော်အချိန်က လာသည့် သဲ/ကျောက်သယ်သည့် ကားသည် ပါလျှိုးနယ်မြေရဲစခန်းပိုင်နယ်အတွင်း နမ့်ဆီး(လားဟူ)ကျေးရွာအနီး မိုင်တိုင် (၂၆/၀)ဝန်းကျင်တွင် ဘရိတ်ပေါက်ပြီး ယာဉ်မတော်တဆမှုဖြစ်ကာ တိမ်းမှောက်ခြင်း ဖြစ်ကြောင်း သိရသည်။
ယာဉ်မတော်တဆမှု ဖြစ်ပွားခြင်းကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် (၂)ဦးမှာ နေရာတွင် သေဆုံးသွားပြီး (၁)ဦးမှာ တာလေဆေးရုံအရောက်တွင် သေဆုံးသွားခြင်း ဖြစ်ပြီး ကျန်သူများတွင် ရရှိထားသည့် ဒဏ်ရာများမှာ မစိုးရိမ်ရကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်၏ ခေါင်းခန်းတွင် လိုက်ပါလာသူများမှာ မစိုးရိမ်ရသော်လည်း ယာဉ်နောက်တွင် လိုက်ပါလာသူများမှာ ယာဉ်တိမ်းမှောက်သွားမှုကြောင့် သဲ/ကျောက်များ ပိပြီး ပြင်းထန်သည့် ဒဏ်ရာဖြင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။