တံတားဦးမြို့နယ် တောင်တလုံးကျေးရွာမှ ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရ

တံတားဦးမြို့နယ် တောင်တလုံးကျေးရွာမှ ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရ

မန္တလေးတိုင်း တံတားဦးမြို့နယ် တောင်တလုံးကျေးရွာမှ ပျူစောထီးခေါင်းဆောင် ချစ်ဝင်း ပစ်ခတ်ခံရပြီး ၎င်းထံမှ သေနတ်တလက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ - မြင်းခြံ ထံမှ သိရသည်။

တောင်တလုံးကျေးရွာ ပျူစောထီးခေါင်းဆောင် ချစ်ဝင်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၅)ရက်နေ့ နေ့လယ် (၁) နာရီခန့်တွင် တောင်တလုံးကျေးရွာအနီးရှိ ၎င်း၏ ယာခင်းမှအပြန် တော်လှန်ရေးတပ်ဖွဲ့မှ ဖမ်းဆီးရာ ပစ္စတိုသေနတ်ဖြင့် ပြန်လည်ခုခံရန်သဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပျူစောထီးခေါင်းဆောင် ချစ်ဝင်းထံမှ ပစ္စတို သေနတ် (၁)လက် ၊ 9.mm ကျည် (၁၆) တောင့်၊ ဖုန်း (၃)လုံး နှင့် ဓား (၂) ချောင်းတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

ပျူစောထီးခေါင်းဆောင် ချစ်ဝင်းသည် စစ်ကောင်စီနှင့် ပူးပေါင်းကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နေထိုင်သည့် စခန်းများကို စစ်ကောင်စီထံ သတင်းပေးပို့ခြင်း ၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း ၊ ပြည်သူလူထုအပေါ် ညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်နေကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ - မြင်းခြံက ဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားပြီး ယင်းနေ့ ဇန်နဝါရီလ (၁၅) ရက်နေ့ ညနေ (၅) နာရီခန့်တွင် စစ်ကောင်စီတပ်မှ ပျုစောထီးခေါင်းဆောင် ပစ်ခတ်ခံရသည့်နေရာအနီးတဝိုက်ကို MI-35 ရဟတ်ယာဉ်ဖြင့် ရမ်းသန်းပစ်ခတ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

#TachileikNewsAgency

#TNA_LE

Photo:နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံ