ပေါက်မြို့နယ် မြို့မရဲစခန်းတွင် တာဝန်ကျနေသည့် ရဲတပ်သားတစ်ဦး လက်နက်နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်

ပေါက်မြို့နယ် မြို့မရဲစခန်းတွင် တာဝန်ကျနေသည့် ရဲတပ်သားတစ်ဦး လက်နက်နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်

မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ် မြို့မရဲစခန်းတွင် တာဝန်ကျနေသည့် ရဲတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်ရောက်လာကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံမှ သိရသည်။

ပေါက်မြို့နယ် မြို့မရဲစခန်းတွင် တာဝန်ကျနေသည့် အသက် (၂၇)နှစ်အရွယ် ရဲတပ်သား အေးချမ်းအောင်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ G-3 သေနတ်တစ်လက် ၊ G-3 ကျည် (၉၀) တောင့်ဖြင့် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် ရဲတပ်သား အေးချမ်းအောင်အား ဆုကြေးငွေ သိန်း (၃၀)ကျပ် ချီးမြှင့်ထားပြီး လုံခြုံသည့်နေရာတွင် ကျန်းမာစွာနေထိုင်နေကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဆိုသည်။

အလင်းဝင်ရောက်လိုသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ယုံကြည်စိတ်ချစွာ ဆက်သွယ်နိုင်ကြောင်းကိုလည်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က အသိပေးထားသည်။

စစ်တပ်အာဏာသိမ်းပြီး (၃)နှစ်ကျော် ကာလအတွင်း စစ်သား (၃၇၀၀)ကျော်နှင့် ရဲတပ်ဖွဲ့ဝင် (၁၁,၀၀၀)ကျော် စုစုပေါင်း တစ်သောင်းခွဲ (၁၄,၇၀၀)ဦးခန့် CDM ပြုလုပ် အလင်းဝင်ရောက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

#TachileikNewsAgency

#TNA_LE

Photo:ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့