လောက်ကိုင်မြို့တွင် ရာဇဝတ်မှုကျူးလွန်သူ ၆ ဦးကို MNDAA က သေဒဏ်စီရင်ကွပ်မျက်

လောက်ကိုင်မြို့တွင် ရာဇဝတ်မှုကျူးလွန်သူ ၆ ဦးကို MNDAA က သေဒဏ်စီရင်ကွပ်မျက်

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တွင် လူသတ်မှုကျူးလွန်ခဲ့သူ (၁၄) ဦးမှ (၆)ဦးကို သေဒဏ်ချမှတ်၍ ချက်ခြင်းကွပ်မျက်လိုက်ကြောင်း MNDAA က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့တွင် ထုတ်ပြန်သည်။

 

MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်ဒေသအတွင်း ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်းနှင့် လူသတ်မှုများဖြင့် ဖမ်းဆီးခံထားရသူ (၁၄)ဦးကို ဒီဇင်ဘာလ (၅)ရက်နေ့တွင်  ဥပဒေနှင့်အညီ လူသိရှင်ကြား တရားစီရင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“၎င်းတို့ထဲမှ ခြောက်ဦးကို သေဒဏ်ချမှတ်ကာ ချက်ခြင်းကွပ်မျက်ခဲ့ပြီး မိန်းကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ သေနတ်များဝှက်ထားပြီး လုယက်မှုကျူးလွန်ရန်ကြံစည်သည့် သံသယရှိသော ရာဇ၀တ်ကောင်များကို အများပြည်သူအား ပြသရန်အတွက် လမ်းများပေါ်သို့ လူသိရှင်ကြား ပို့ဆောင်သည်။”ဟု MNDAA က ဖော်ပြသည်။

အဆိုပါ လူထုစီရင်ချက်ချခြင်းဆိုင်ရာ ညီလာခံကို MNDAA မှ ကိုယ်စားလှယ်များတက်ရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ အပါအဝင် အရပ်သားများအား လာရောက်ကြည့်ရှုခွင့်ပေးခဲ့ရာ လူတစ်ထောင်ကျော် လာရောက်သည်ဟု ဆိုသည်။



 

MNDAA၏ တရားစီရင်ချက်ချခြင်းသည် လူထုတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုရှိစေရန် ရည်ရွယ်ခြင်းသည်ဟု ညီလာခံတွင် MNDAA နိုင်ငံရေးဌာနမှူး ဗိုလ်မှူးချုပ် Mr.Jin Xin က ပြောသည်။

MNDAA၏ အထူးဒေသ(၁) တရားရေးဌာနက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူ (၂)ဦးနှင့် လက်နက်များ ကိုင်ဆောင်ကာ ဓားပြမှုကျူးလွန်သူ (၅) ဦး တို့ကို သေဒဏ်ချမှတ်ကာ (၆)ဦးကို ချက်ချင်း ကွပ်မျက်လိုက်ကြောင်း MNDAA၏ ထုတ်ပြန်ချက်အရ သိရသည်။

#TachileikNewsAgency

Photo: 果敢资讯网