ဆားတောင်မြို့ အထက်တန်းကျောင်းနှင့် ရဲစခန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီးများအား ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်

စစ်ကိုင်းကိုင်း ဆားတောင်မြို့ အထက်တန်းကျောင်းနှင့် ရဲစခန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီးများအား ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ကြောင်း PHOENIX–SAGAING အဖွဲ့မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဆားတောင်မြို့ အထက်တန်းကျောင်းတွင် တပ်စွဲထားသည့် ညောင်ငုတ်တိုရွာမှ ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများအား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ယနေ့ နိုဝင်ဘာလ (၂)ရက်နေ့တွင် Phoenix–Sagaing အဖွဲ့မှ ကိုယ်တိုင်ထုတ်လုပ်ထားသည့် ဗုံးသီး (၃)လုံးအား ဒရုန်းဖြင့် ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ဆားတောင်မြို့  ရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီး (၁)လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့ကာ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိခဲ့ကြောင်း Phoenix–Sagaing အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှု ဆောင်ရွက်ပြီးနောက် တော်လှန်ရေးပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဒရုန်းများ ထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား PHOENIX–SAGAING ၊ Royal Falcon Guerrilla Force ၊ Unicorn Guerrilla Force ၊ ကြောင်လက်သည်း (ဝက်လက်) နှင့် စစ်ကိုင်းခရိုင် အမှတ် (၇)တပ်ရင်းတို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video: PHOENIX–SAGAING