ပဲခူးတိုင်း မြို့နယ်လေးမြို့နယ်တွင် ၃ ရက်တာအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၁၇ ဦး သေဆုံးပြီး သေနတ် ၁ လက်ရရှိ

ပဲခူးတိုင်း မြို့နယ်လေးမြို့နယ်တွင် ၃ ရက်တာအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၁၇ ဦး သေဆုံးပြီး သေနတ် ၁ လက်ရရှိ

ပဲခူးတိုင်း မြို့နယ်လေးမြို့နယ်အတွင်း ၃ ရက်တာအတွင်းဖြစ်ပွားသည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား (၁၇) ဦး သေဆုံးပြီး သေနတ် (၁) လက် ရရှိကြောင်း တောင်ပိုင်းစစ်ဒေသမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တောင်ပိုင်းစစ်ဒေသ အမှတ် (၂)စစ်ဒေသခွဲနယ်မြေအတွင်း (၃) ရက်တာအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား (၁၇)ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်၊ ညောင်လေးပင်ခရိုင် ပဲနွယ်ကုန်းမြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ တောင်ငူခရိုင် တောင်ငူမြို့နယ် တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း  သေနတ် (၁)လက်ကို ရေတာရှည်မြို့နယ် ပကဖ အဖွဲ့က သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် KNLA တပ်ရင်း (၉) ဒရုန်းအဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ (၂၆)ရက်နေ့ကလည်း တောင်ပိုင်းစစ်ဒေသ ဗျူဟာ (၃၂)ပူးပေါင်းစစ်ကြောင်းနှင့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းတို့ အာရှလမ်းမကြီးတွင် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီထံမှ ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: တောင်ပိုင်းစစ်ဒေသ (ပုံဟောင်း)