တောင်ပိုင်းစစ်ဒေသနယ်မြေတွင် စက်တင်ဘာလအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၇ ဦး သေဆုံး၍ ၈ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ

တောင်ပိုင်းစစ်ဒေသနယ်မြေတွင် စက်တင်ဘာလအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၇ ဦး သေဆုံး၍ ၈ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ

တောင်ပိုင်းစစ်ဒေသနယ်မြေတွင် စက်တင်ဘာလအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၄၇) ဦး သေဆုံး၍ (၈) ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသမှ ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၆) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာလအတွင်း စစ်ကောင်စီနှင့် စခန်းသိမ်းတိုက်ပွဲ (၃) ကြိမ်အပါအဝင် ထိတွေ့တိုက်ပွဲပေါင်း (၆၆)ကြိမ်ရှိခဲ့ပြီး ၊ စစ်ကောင်စီ သတင်းပေး ဒေါက်တိုင်များကို ရှင်းလင်းတိုက်ခိုက်မှု (၄)ကြိမ်၊ ရန်သူ့စခန်းများ စစ်ကြောင်းများကို ဒရုန်းဖြင့် တိုက်ခိုက်မှု (၂၄)ကြိမ်နှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု၊ မိုင်းဆွဲတိုက်ခိုက်မှု၊ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှုများစွာကို ဖော်ဆောင်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား  (၁၄၇) ဦး သေဆုံး၍ (၉၆) ဦး ဒဏ်ရာရကာ သုံ့ပန်းအနေဖြင့် အရှင်လက်ရဖမ်းဆီးရမိခဲ့သူ (၈)ဦးကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း တောင်ပိုင်းစစ်ဒေက အသိပေးထားသည်။ 

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ ရိက္ခာကားတစီး၊ လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်းအမြောက်အများ၊ ဆန်အိတ် (၄၀၀)ကျော်၊ RPG-7 ကျည် အလုံး (၁၀၀)၊ ၆၀ မမ ကျည် (၅၂)လုံး၊ လက်ပစ်ဗုံးများနှင့် ဆွဲမိုင်းများကို သိမ်းဆည်းရရှိခဲ့ပြီး၊ တော်လှန်ရေးအင်အားစုများဘက်မှလည်း ပျက်စီးဆုံးရှုံးမှု အနည်းငယ်ရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလအတွင်း တိုက်ပွဲများ၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်များဘက်မှ တပ်ဖွဲ့ဝင် (၁၇)ဦး ကျဆုံးခဲ့ပြီး၊ စုစုပေါင်း (၄၈)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဗုံးသီးများ ကြဲချခြင်း၊ လက်နက်ကြီးဖြင့် နေ့စဉ် ရမ်းသမ်းပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းနှင့် ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် စက်တင်ဘာလအတွင်း ပြည်သူ (၁၂)ဦး သေဆုံးပြီး (၄၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ (၂၉၃)ဦးမှာ မတရားဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

၎င်းတိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)များ၊ LDF များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်(AD)ပူးပေါင်းတပ်ဖွဲ့များ၊ KNU(KNLA,KNDO)နှင့် ဒရုန်းပူးပေါင်းတပ်ဖွဲ့များ ဟန်ချက်ညီညီ ပူးပေါင်း၍ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီအား အဘက်ဘက်မှ ထိုးနှက်နေပြီး တော်လှန်ရေးတပ်ဖွဲ့များကလည်း တန်ပြန်တိုက်စစ်အနေဖြင့် အပြင်းအထန် တိုက်ခိုက်လျက်ရှိကြောင်း တောင်ပိုင်းစစ်ဒေသမှ အသိပေးထားသည်။

ဖော်ပြပါအချက်အလက်များသည် ရရှိထားသောအချက်အလက်များကိုသာ အခြေခံထားခြင်းဖြစ်ပြီး လက်တွေ့မြေပြင်တွင် ထိခိုက်သေဆုံးမှုများ ပိုမိုများပြားနိုင်ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် တောင်ပိုင်းစစ်ဒေသ နယ်မြေအတွင်း၌ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်း ၊ ရန်ကုန်တိုင်း ၊ တနင်္သာရီတိုင်း ၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့ ပါဝင်သည်။

#TachileikNewsAgency

Photo: တောင်ပိုင်းစစ်ဒေသ