အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ ဒုတိယဥက္ကဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တောဇော်မြင့်မောင်၏ နာရေးမှ ပြန်လာသည့် ဆိုင်ကယ်များကို စစ်ကောင်စီတပ် နှင့် ပျူစောထီးအင်အား (၅၀)ဝန်းကျင်ဖြင့် စစ်ဆေးခြင်းများပြုလုပ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဒေါက်တာဇော်မြင့်မောင်၏ နာရေးကို ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၈)ရက်နေ့ နံနက်(၁၀)နာရီတွင် ကျွဲဆည်ကန် (၃)လမ်းနေအိမ်မှ တောင်အင်းမြောက်အင်းသုသာန်သို့ ပို့ဆောင်ရာ မန္တလေးပြည်သူလူထုက လိုက်ပါ ပို့ဆောင်ခဲ့ကြပြီးနောက် ပြန်လာစဉ် စစ်ဆေးခံရခြင်းဖြစ်ကြောင်း သိရသည်။
“တောင်အင်းမြောက်အင်းကိုသွားတာက ကျွဲဆည်ကန်ကဆိုရင် (၇၈)လမ်းမကြီး ရန်ကုန်-မန္တလေးအမြန်လမ်း ကနေပေါ့။ ပြန်လာလည်း အဲဒီလမ်းကနေ ပြန်လာရတော့ စက်မှု(၂)ထိပ် Max ဆီဆိုင်ရှေ့မှာ လမ်းပိတ်ပြီး စစ်တာ။ ဆိုင်ကယ်လိုင်စင် စစ်တယ်၊ ဖုန်းတွေကို ယူစစ်တယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။
ဖမ်းဆီးခံရသူရှိ၊ မရှိကို မသိရသေးဟုလည်း ဒေသခံများက Tachileik News Agency ကိုပြောသည်။
ဒေါက်တာဇော်မြင့်မောင်၏ နာရေးကို မန္တလေးမြို့ဒေသခံ ထောင်ချီ၍ ပို့ဆောင်ခဲ့ကြပြီး ရှစ်ခိုးကန်တော့ခြင်း၊ အလေးပြုခြင်း၊ ဟွန်းရှည်များတီးကာ ဝမ်းနည်းကြောင်းပြသခြင်းများကို ပြည်သူများက ပြုလုပ်ခဲ့ကြခြင်းဖြစ် သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် စစ်တပ်အာဏာသိမ်းပြီးနောက် မတရားထောင်ချခံနေရရာက ထောင်တွင်း၌ ကျန်းမာရေးအခြေအနေဆိုးရွားလာသဖြင့် စစ်ကောင်စီတပ်က နောက်ဆုံးအခြေအနေရောက်ရှိမှသာ မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ဆောင်သို့ ပို့ဆောင်ခဲ့ပြီးနောက် အောက်တိုဘာလ(၇)ရက်နေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့သည်။
ဒေါက်တာဇော်မြင့်မောင် သတိမေ့နေချိန်တွင် စစ်ကောင်စီက ဆေးရုံသို့လာပြီး လွတ်ငြိမ်းခွင့်ပြုကြောင်း လာ ရောက်ဖတ်ပြသွားသည်ဟု သိရသည်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တောဇော်မြင့်မောင်၏ နာရေးမှ ပြန်လာသည့် ဆိုင်ကယ်များကို စစ်ကောင်စီတပ်က စစ်ဆေး
Featured News
နိုဝင်ဘာ 14, 2024
နိုဝင်ဘာ 13, 2024
အောက်တိုဘာ 30, 2024
အောက်တိုဘာ 25, 2024
အောက်တိုဘာ 16, 2024